ဇာတ်ကားများ ရွေးရန်

Morbius

2022ဇာတ်ကားWeb-dl 4K SDR

ဒီကားလေးကတော့ Marvelဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ မောဘီးယပ်စ်ရဲ့အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ ဇီဝဓာတုပညာရှင်တစ်ဦးဖြစ်တဲ့ မိုက်ကယ် မောဘီးယပ်စ်ဟာ သူ့မှာရှိနေတဲ့ ရှားပါးတဲ့ သွေးရောဂါတစ်မျိုးကို ကုသဖို့ ငယ်ငယ်လေးတည်းက ဆေးရုံလို အဆောင်တစ်ခုမှာ နေနေရပါတယ်။ အဲဒီဆေးရုံကို ဦးစီးနေတဲ့ နစ်ကိုးလက်စ်က မိုက်ကယ်ရဲ့ ဉာဏ်ပညာကို သတိထားမိပြီး နယူးရော့က ကျောင်းတစ်ကျောင်းမှာ ပညာသင်ဖို့ လွှတ်ခဲ့ပါတယ်။ မိုက်ကယ်ကတော့ ဆေးရုံမှာတုန်းက ခင်ခဲ့ရတဲ့ သူ့သူငယ်ချင်းမိုင်လိုကိုထားခဲ့ပြီး ပညာသွားသင်ရင်း သုတေသနပညာရှင် ဆရာဝန်တစ်ဦးဖြစ်လာပါတော့တယ်။ မိုက်ကယ်က သူကိုယ်တိုင်နဲ့ မိုင်လိုမှာရှိတဲ့ သွေးရောဂါကိုကုဖို့ ကုထုံးရှာရင်း ဗန်ပိုင်းယားလင်းနို့တွေကို ဖမ်းပြီး စမ်းသပ်ကြည့်ဖို့ အကြံရလာပါတယ်။ အဲဒီဗန်ပိုင်းယားလင်းနို့တွေရဲ့ ဒီအန်အေထဲက အချို့အစိတ်အပိုင်းတွေကို လူ့ဒီအန်အေနဲ့ ပေါင်းစပ်ကြည့်ခဲ့ပြီး လူသားစမ်းသပ်မှုအနေနဲ့ သူ့ခန္ဓာကိုယ်မှာ စမ်းသပ်ခဲ့ပါတယ်။ စမ်းသပ်မှုအောင်မြင်သွားလို့ သူ့ရဲ့သွေးရောဂါ ပျောက်သွားခဲ့ပြီး မိုက်ကယ့်မှာ သာမန်လူတွေနဲ့မတူတဲ့အစွမ်းတွေ ရလာပါတယ်။ အဲဒီအစွမ်းတွေအပြင် သူရလိုက်တဲ့ ဘေးထွက်ဆိုးကျိုးကတော့ သွေးဆာတာပါပဲ။ မိုက်ကယ်က သွေးဆာလောင်မှုကို ကြောက်လာတဲ့အခါ ဘယ်လိုဖြေရှင်းဖို့ကြိုးစားမလဲ၊ မိုင်လိုကိုရော သူ့လိုဖြစ်အောင်လုပ်ပေးဦးမှာလားဆိုတာတွေကိုတော့ ဒီကားလေးမှာ ကြည့်ရှုနိုင်မှာဖြစ်ပြီး Marvelဇာတ်ကားပီပီ အက်ရှင်ခန်းကောင်းကောင်းတွေကိုလည်း တဝကြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း