Foxhole
ဒီကားလေးဟာ အမေရိကန်ပြည်တွင်းစစ်၊ တတိယကမ္ဘာစစ်နဲ့ အီရတ်နိုင်ငံက စစ်ပွဲတစ်ခုမှာ ပါဝင်တိုက်ခိုက်ကြတဲ့ စစ်သားငါးယောက်အကြောင်း အပိုင်းသုံးပိုင်းခွဲပြီး ရိုက်ပြထားတာဖြစ်ပါတယ်။ မတူညီတဲ့အချိန်ကာလတွေ မတူညီတဲ့ စစ်ပွဲတွေမှာ တိုက်ခိုက်နေကြတဲ့ စစ်သားတွေရဲ့ ခံယူချက်တွေ ကျင့်ဝတ်တွေကို အခြေခံပြီး ကျရောက်လာတဲ့အန္တရာယ်တွေကို ကျော်လွှားကြပုံကို ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးလည်းဖြစ်ပါတယ်။ အချိန်ကိုလိုက်ပြီး ပြောင်းလဲနေတဲ့ စစ်ပွဲရဲ့သဘောထားကို ဇာတ်လမ်းသုံးမျိုးနဲ့ ရိုက်ပြထားပြီး အက်ရှင်ခန်းတွေလည်းပါတာကြောင့် ပျင်းစရာကောင်းမှာတော့ မဟုတ်ပါဘူး။ သေရေးရှင်ရေးဖြစ်နေတဲ့ စစ်ပွဲအတွင်းမှာ မိမိကိုယ်တိုင်ရေး ရဲဘော်ရဲဘက်တွေအတွက်ပါ အရေးကြီးတဲ့ စွန့်စားမှုတွေ လုပ်လာရတဲ့အခါ ဘယ်လိုရွေးချယ်ကြမလဲဆိုတာကိုလည်း စိတ်လှုပ်ရှားဖွယ် ရှုစားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းသုံးခုစလုံးမှာ သရုပ်ဆောင်တွေကို အတူတူသုံးထားပြီး နာမည်တွေကလည်း အတူတူပဲဆိုပေမယ့် ဇာတ်လမ်းသုံးခုဟာ သပ်သပ်စီမို့လို့ ရောမသွားဖို့ ကြိုတင်ပြောပြလိုက်ပါတယ်။ တခြားစစ်ကားတွေလို အတိုက်အခိုက်တွေပဲ ရိုက်ပြထားတာမဟုတ်ဘဲ စိတ်ဝင်စားစရာကောင်းပြီး ရုပ်ရှင်အပြီးမှာ စဉ်းစားစရာတွေကိုလည်း ချန်ထားခဲ့တာမို့လို့ ကြည့်ရှုသင့်တဲ့ကားလေးဖြစ်တယ်လို့ တိုက်တွန်းလိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း