ဇာတ်ကားများ ရွေးရန်

Dual

2022ဇာတ်ကားWeb-dl 1080p

ဒီကားလေးကတော့ အမေရိကန် Sci-fi သည်းထိတ်ရင်ဖိုကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လိုက်ဖြစ်တဲ့ဆာရာဟာ တစ်နေ့မှာ မနက်နိုးလာတဲ့အချိန် သူ့အိပ်ရာခင်းပေါ်မှာ သွေးတွေအများကြီးပေနေတာကိုတွေ့လိုက်ရပါတယ်။ အဲဒါကြောင့် ဆရာဝန် သွားပြတဲ့အခါ သူ့မှာ အကြောင်းရင်းရှာမရတဲ့ ရောဂါတစ်ခုရှိနေပြီး အဲဒီ ကုသနည်းလည်းမရှိတဲ့ရောဂါကြောင့် မကြာခင် သေရတော့မယ်ဆိုတာကို သိလိုက်ရပါတယ်။ ဆေးခန်းက ဆရာဝန်ရဲ့ ညွှန်ကြားချက်ကြောင့် ဆာရာဟာ သေခါနီးလူနာတွေကို ပုံတူကူးပြီး မိမိရဲ့ကိုယ်ပွားအဖြစ် ချန်ထားခဲ့နိုင်တဲ့ အစီအစဉ်တစ်ခုရှိကြောင်း သိလိုက်ရပါတယ်။ တစ်ဦးတည်းသောသမီးဖြစ်တဲ့ဆာရာဟာ သူ့အမေနဲ့ ချစ်သူကို ဝမ်းမနည်းစေချင်တဲ့စိတ်နဲ့ အဲဒီအစီအစဉ်မှာပါဝင်ပြီး ကိုယ်ပွားတစ်ယောက်ကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ရုတ်တရက်ကြီး ရောဂါကနေ ပြန်ကောင်းသွားပြီလို့ ဆရာဝန်က ဆာရာ့ကို အသိပေးလာပါတော့တယ်။ အဲဒီအခါ ဆာရာက သူ့ရဲ့ကိုယ်ပွားကို ဖျက်ဆီးပစ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နိုင်ငံရဲ့ဥပဒေအရ ဆာရာနဲ့ သူ့ရဲ့ကိုယ်ပွားတို့ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့်ရှိပြီး အဲဒါကိုဆုံးဖြတ်ဖို့အတွက် ပြိုင်ပွဲတစ်ခုကို ပြိုင်ရမှာဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲအတွက် တိုက်ခိုက်ရေးလေ့ကျင့်ဖို့ အချိန်တစ်နှစ်အတွင်းမှာ ဆာရာဟာ ဘယ်လိုတွေလေ့ကျင့်ပြီး ပြိုင်ပွဲကို ဘယ်လိုသွားပြိုင်မလဲ၊ နောက်ဆုံးမှာ အနိုင်ရသွားမယ့်သူက ဘယ်သူလဲဆိုတာကိုတော့ ဒီကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း