ဇာတ်ကားများ ရွေးရန်

Hustle

2022ဇာတ်ကားWeb-dl 1080p

ဘောလုံးအသင်းဖြစ်စေ ဘတ်စ်ကတ်ဘောအသင်းဖြစ်စေ နိုင်ငံအရပ်ရပ်က အရည်အချင်းရှိတဲ့ ကစားသမားကောင်းတွေကို ရှာဖွေဖို့၊ အသင်းအတွက် အကျိုးပြုလာနိုင်မယ့် ကစားသမားတွေကို အသင်းဆီခေါ်လာနိုင်ဖို့အတွက် အသင်းတိုင်းမှာ ကင်းထောက်တွေရှိတတ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဘတ်စ်ကတ်ဘောအသင်းတစ်သင်းရဲ့ ကင်းထောက်တစ်ဦးဖြစ်တဲ့ စတန်လေအကြောင်းကို ရိုက်ကူးပြထားတာပါ အသင်းအတွက် လိုအပ်နေတဲ့နေရာကိုဖြည့်ဖို့ တစ်ကမ္ဘာလုံးကို ခရီးတွေထွက်ရင်း ကစားသမားတိုင်းကို စောင့်ကြည့်ရတဲ့ စတန်လေတစ်ယောက် တစ်နေ့မှာတော့ စပိန်နိုင်ငံမှာ ဘိုခရုဇ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကို သွားတွေ့ပါတယ်။ အရည်အချင်းလည်းရှိ အသက်အရွယ်အရလည်း အဆင်ပြေတဲ့ကစားသမားကို အသင်းကိုခေါ်ယူနိုင်ဖို့ စတန်လေတစ်ယောက် အခက်အခဲတွေကြားက ကြိုးစားရပုံတွေ၊ ဘတ်စ်ကတ်ဘောအားကစားအကြောင်းတွေကို သေချာလေးရိုက်ပြထားတဲ့ဇာတ်ကားပါ ဒါ့အပြင် တကယ့်ဘတ်စ်ကတ်ဘောကစားသမားများစွာကလည်း ဒီဇာတ်ကားလေးမှာ Cameoအဖြစ် အားဖြည့်သရုပ်ဆောင်ပေးထားကြပါသေးတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zac ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း