ဇာတ်ကားများ ရွေးရန်

Father of the Bride

2022ဇာတ်ကားအမှတ် 6/10Web-dl 1080p

ဘေလီဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုဘဝကနေ မိသားစုသင့်တောင့်သင့်တယ်နေနိုင်သည်အထိ ထူထောင်ခဲ့သူပါ။ သူဟာ မိသားစုအတွက် အလုပ်တွေကြိုးစားပြီးလုပ်ခဲ့ပေမယ့် ဇနီးဖြစ်သူနဲ့ အိမ်ထောင်ရေးအဆင်မပြေဘဲ ကွာရှင်းမယ့်အနေအထားကိုရောက်လာပါတယ် ဒီတော့ နှစ်ယောက်သား ကွာရှင်းတော့မယ့်အကြောင်းကို မိသားစုကို အသိပေးရမယ့်အချိန်ကို ရောက်လာပါတော့တယ်။ ဒီလိုအသိပေးတော့မယ့်အချိန်မှာပဲ နယ်ဝေးမှာ ကျောင်းတက်ပြီး အိမ်ပြန်လာတဲ့သမီးကြီးဖြစ်သူက သူလက်ထပ်တော့မယ့်အကြောင်းကို ကွာရှင်းမယ့်သတင်းထက်ဦးအောင် အသိပေးလိုက်ပါတယ်။ သမီးဖြစ်သူ မင်္ဂလာပွဲရဲ့အပျော်တွေကို မပျက်စေချင်တာကြောင့် ဘေလီတို့လင်မယား ကွာရှင်းမယ့်ကိစ္စကိုနောက်ရွှေ့ပြီး သမီးဖြစ်သူရဲ့မင်္ဂလာပွဲကို စီစဉ်ပေးရပါတော့တယ် အဖေတစ်ယောက်ဘက်ကရော သမီးဖြစ်သူဘက်ကရော မိသားစုဘက်ကပါ အဘက်ဘက်ကနေ ထောင့်စေ့အောင် Heartwarmingဖြစ်အောင် ရိုက်ပြထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ Family Typeဇာတ်ကားဖြစ်တဲ့အပြင် Comedyလေးလည်း ရောထားတာမလို့ တော်တော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးအဖြစ်နဲ့ပဲ ညွှန်းပေးချင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zac ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း