Watcher
ခင်ပွန်းဖြစ်သူ ဖရန့်စစ်နဲ့အတူ ဂျူလီယာဆိုတဲ့မိန်းကလေးဟာ ရိုမန်နီးယားနိုင်ငံကိုပြောင်းလာခဲ့ပါတယ်။ သူ့ယောက်ျားက တစ်နေကုန်အလုပ်သွားနေရတဲ့အချိန်ဆို သူတစ်ယောက်တည်းတိုက်ခန်းမှာနေခဲ့ရပါတယ်။ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့နေရာတစ်ခုဖြစ်နေတဲ့အပြင် ပိုဆိုးတာကသူတို့တိုက်ခန်းနဲ့ မျက်နှာချင်းဆိုင်တိုက်က လူတစ်ယောက်ကဂျူလီယာတို့အခန်းကို အမြဲတစေစောင့်ကြည့်နေပါတယ်။ ဂျူလီယာအပြင်ထွက်တဲ့အချိန်ဆိုရင်လည်း သွားလေရာနောက်ကို အနောက်ကနေလိုက်နေခဲ့ပါတယ်။ ဒါ့အပြင် ဂျူလီယာတို့တိုက်ခန်းအနီးက အဆောက်အဦးမှာလည်း စိတ္တဇလူသတ်သမားတစ်ဦးက မိန်းကလေးတစ်ဦးကိုခေါင်းဖြတ်သတ်တဲ့အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီလိုကနေ ဂျူလီယာရဲ့သံသယစိတ်တွေပိုမိုပြင်းထန်လာပြီး စိတ်ချောက်ချားမှုတွေနဲ့အတူ သူ့ယောက်ျားကိုပြောပြတဲ့အခါမှာလည်း ရလဒ်ကတော့ မဟုတ်ကဟုတ်ကအတွေးတွေဆိုပြီး နာမည်တပ်ခံလိုက်ရပါတယ်။ ဂျူလီယာ့နောက်ကိုလိုက်နေတဲ့သူက တကယ်ပဲ စိတ္တဇလူသတ်သမားဖြစ်နေမလား။ ဒါမှမဟုတ် ဂျူလီယာကိုယ်တိုင်ကပဲ အထီးကျန်ရင်းတွေးမိတွေးရာလျှောက်တွေးနေမိတာလား။ လူတစ်ယောက်ကကိုယ့်ကိုစောင့်ကြည့်နေရင် အသက်ရှူရခက်လာပြီး အနေကျပ်သလိုခံစားရမယ်ထင်ပါတယ်။ ဒီဇာတ်ကားကိုကြည့်နေရင်း ကိုယ်ကိုယ်တိုင်ကပါ စောင့်ကြည့်ခံနေရသလိုမျိုး ခံစားရမဲ့ အမိုက်စားfeeling တွေနဲ့အတူ သည်းထိတ်ရင်ဖို့ကြည့်ရှုခံစားကြရမှာပါ။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း