ဇာတ်ကားများ ရွေးရန်

Anek

2022ဇာတ်ကားWeb-dl 1080p

အသစ်ထွက်ရှိလာတဲ့ မင်းသားချော အရွရ်ှမန်းရဲ့ဇာတ်ကားလေးက မြင်နေကျဘောလိဝုဒ်ကားတွေနဲ့မတူပဲ documentary ဆန်ဆန်လေးရိုက်ကူးထားတာပါ။ သည်းထိတ်ရင်ဖိုနဲ့ ရသမျိုးစုံပေးနိုင်မယ့် အက်ရှင်ကားလေးပါ။ အေမန်ဟာ နယ်စပ်ဒေသက တသီးတခြားဖြစ်နေတဲ့ဒေသတွေနဲ့ ငြိမ်းချမ်းရေးယူနိုင်ဖို့ တာဝန်ပေးခံထားရတာပါ။ တာဝန်က ရိုးရှင်းတယ်လို့ ထင်ရပေမယ့် သူကိုယ်တိုင် နယ်စပ်ဒေသကသူတွေရဲ့ဘဝတွေကို မြင်တွေ့လာရတဲ့အခါ အဲ့လောက်မလွယ်ကူမှန်း သတိထားမိလာပါတော့တယ်။ ဘဝတွေအများကြီးနစ်နာဆုံးရှုံးနေရပြီး လွတ်မြောက်ဖို့ ရုန်းကန်နေရတာကို သူသိသွားပါတော့တယ်။ ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုအရာလဲ။ တကယ့်မြေစာပင်ဖြစ်နေကြရတာ ဘယ်သူတွေလဲဆိုတာကို သူတဖြည်းတဖြည်းနားလည်လာတဲ့အခါမှာ သူ့တာဝန်ကို ဘယ်လိုမျိုး ဆက်ပြီးထမ်းဆောင်မလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦးနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Yoon Cherry Kyaw ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း