ဇာတ်ကားများ ရွေးရန်

Men

2022ဇာတ်ကားWeb-dl 1080p

ဟက်ပါမာလယ် ဟာ ယောက်ျားသေဆုံးသွားတာကြောင့် စိတ်ထဲထိတ်လန့်ခြောက်ချားနေတဲ့သူပါ။ သူစိတ်အပန်းဖြေနိုင်ဖို့အတွက် ကော့ဆန်ရွာလေးက အိမ်လေးတစ်အိမ်မှာ ငှါးပြီးတစ်ယောက်တည်းနေဖို့ လာခဲ့ပါတယ်။ အိမ်ပိုင်ရှင်ရဲ့ နာမည်က ဂျော့ဖရေးပါ။ဂျော့ဖရေးက သဘောကောင်းပြီး ဖော်ရွေတဲ့သူပါ။ အိမ်ကကော့ဆန်ရွာအနီးမှာဖြစ်ပြီး ဘုရားကျောင်းနဲ့လည်းနီးပါတယ်။ တစ်နေ့မှာ ဟက်ပါဟာ လမ်းလျှောက်ထွက်လာရင်း တောထဲကမီးရထားလမ်းဟောင်းတစ်ခုစီရောက်သွားခဲ့ပါတယ်။ အဲ့နောက်မှာ လူတစ်ယောက်သူ့နောက်ကို လိုက်လာသလိုတွေ့လို့အိမ်ကိုပြန်လာခဲ့ပါတယ်။ နောက်တစ်နေ့မှာပဲ သူ့အိမ်ထဲကို သူ့နောက်ကို လိုက်လာတဲ့ လူကျူးကျော်ဝင်ရောက်လာပါတယ်။ ရဲခေါ်ပြီးဖမ်းခိုင်းလိုက်ပြီးနောက် ဟက်ပါ လည်းလမ်းလျှောက်ထွက်ခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာ ထူးဆန်းတာတွေဖြစ်လာပြီး ကြောက်လန့်စရာကောင်းတဲ့ ဖြစ်ရပ်တွေကို ပုံဖော်ရိုက်ကူးထားတဲ့ Horror ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zane ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း