ဇာတ်ကားများ ရွေးရန်

Paju

2009ဇာတ်ကားWeb-dl 1080p

ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ချွဲအွန်းမိုဟာ အစ်မဖြစ်သူရယ်၊ ခဲအိုဖြစ်တဲ့ကင်ဂျုံရှစ်ရယ်နဲ့ တူတူနေထိုင်ပါတယ်။ ဒါပေမယ့် သူ့ခဲအိုကိုလုံး၀ကြည့်မရပါဘူး။ တစ်နေ့ကျတော့ သူ့ပိုက်ဆံရှာဖို့ အိမ်ကနေ ဆိုးလ်ကိုထွက်ပြေးခဲ့ပါတယ်။ သူထွက်ပြေးတဲ့နေ့မှာပဲ သူ့အစ်မကလည်းမတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ရတယ်။ သူ့ခဲအိုနဲ့ပြန်လာနေခဲ့ပေမယ့် ၄ နှစ်ကြာတော့ အမှုတစ်ခုကြောင့် ခဲအိုဖြစ်သူအဖမ်းခံလိုက်ရတဲ့အခါ အိန္ဒိယကိုထပ်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ ၃ နှစ်ကြာတော့ပြန်လာပြီး ခဲအိုဖြစ်သူနဲ့ပြန်တွေ့ရပါတယ်။ အွန်းမိုကိုချစ်လို့ မတော်တဆမှုအကြောင်းမပြောပြတဲ့ခဲအိုဖြစ်သူ၊ အာမခံငွေကြောင့် အစ်မဖြစ်သူကို ခဲအိုကသတ်လိုက်တယ်ထင်နေတဲ့အွန်းမို.. သူတို့နှစ်ယောက်ကြားဘာတွေဆက်ဖြစ်ကြမလဲ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shin Rina ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း