Yoga Class
ဟိုဂျောင်းဟာ ဟုမ်းရှော့ပင်းအစီအစဉ်မှာ တင်ဆက်သူအဖြစ်လုပ်ကိုင်နေတာပါ။ တစ်နေ့မှာတော့ မစ်ကိုရီးယားဖြစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ပေါ်လာတာကြောင့် အထက်ကလူတွေက ဟိုဂျောင်းကိုခန္ဓာကိုယ်မလှလို့ အလုပ်ဖြုတ်ပစ်ပြီး အဲဒီကောင်မလေးနဲ့အစားထိုးခဲ့ပါတယ်။ ဟိုဂျောင်းလည်း သူ့ခန္ဓာကိုယ်သူစိတ်ညစ်နေတဲ့အချိန်မှာပဲ သူ့ငယ်သူငယ်ချင်း ကင်ဆွန်းဟွာပေါ်လာခဲ့ပါတယ်။ ငယ်ငယ်ကရုပ်အရမ်းဆိုးလို့ အနှိမ်ခံခဲ့ရတဲ့ဆွန်းဟွာဟာ အခုမှာတော့ လုံး၀ပြီးပြည့်စုံတဲ့အလှပိုင်ရှင်ဖြစ်နေပါတော့တယ်။ ဟိုဂျောင်းတစ်ယောက်လည်း ဆွန်းဟွာလိုဖြစ်ချင်လို့ ဆွန်းဟွာညွှန်းပေးလိုက်တဲ့ အပြင်းအထန်လေ့ကျင့်ရေးယောဂသင်တန်းကို သွားတက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမယ့် ထိုယောဂသင်တန်းကြီးဟာ ထင်သလောက်မရိုးရှင်းပဲ သဘာ၀လွန်ဖြစ်ရပ်တွေရှိလာတဲ့အခါ... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shin Rina ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း