Virata Parvam
မကြာသေးမီကထွက်ရှိထားတဲ့ဒီကားလေးကတော့ 1992တုန်းကအဖြစ်အပျက်တစ်ခုပေါ်အခြေခံကာရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဗန်နီလာဆိုတဲ့မိန်းကလေးဟာ နာဆယ်လ်နဲ့ရဲတွေကြားအရေးအခင်းဖြစ်ပေါ်နေတဲ့အချိန်မှာမွေးဖွားခဲ့ပါတယ်။နာဆယ်လ်ဆိုတဲ့အဖွဲ့အစည်းကတော့ပြည်သူတွေအတွက်လှုပ်ရှားပေးနေတဲ့အဖွဲ့ဖြစ်ပြီး အမျိုးဇာတ်တွေခွဲခြားတာမျိုးတွေကိုဆန့်ကျင်ဖို့ဖွဲ့စည်းထားတဲ့အဖွဲ့ပဲဖြစ်ပါတယ်။ ငယ်စဥ်ကတည်းဖခင်ရွတ်ဆိုပြတဲ့ကဗျာတွေကိုသဘောကျတဲ့ဗန်နီလာက နာဆယ်လ်တပ်ဖွဲ့ရဲ့တပ်မှုးအာရာညာဆိုတဲ့လူရဲ့စာအရေးအသားကိုသိပ်သဘောကျမိသွားခဲ့ပါတယ်။အာရာညာဆိုတဲ့လူအကြောင်းကိုစုံစမ်းရင်းတစ်စထက်တစ်စပိုသိလာတဲ့အခါ ဗန်နီလာတစ်ယောက်အာရာညာ့ကိုတွေ့ချင်စိတ်ပြင်းပြလာခဲ့ပါတယ်။ တစ်နေ့မှာတော့ဗန်နီလာ့အဖေနဲ့ရဲသားနဲ့စကားများကြပြီးအရေးအခင်းဖြစ်လာတဲ့အခါ နာဆယ်လ်တပ်ဖွဲ့တွေကကူညီပေးဖို့ ဝင်ရောက်လာခဲ့ပါတယ်။အာရာညာဆိုတဲ့လူကိုခဏလေးသာမြင်တွေ့လိုက်ရပေမဲ့ ဗန်နီလာတစ်ယောက်ကတော့မြင်မြင်ချင်းကိုချစ်မိသွားခဲ့ပါတော့တယ်။ ချစ်မိသွားတဲ့နောက်အာရာညာ (ခေါ်)ရာဗန်နာ့နောက်ကိုလိုက်ရင်းအချစ်ခရီးကိုဆက်နှင်နေတဲ့ဗန်နီလာတစ်ယောက်တကယ်ရောသူနဲ့ပြန်ဆုံဆည်းနိုင်ပါ့မလား တော်လှန်ရေးပြုလုပ်နေတဲ့နာဆယ်လ်ရဲ့တပ်မှုးကိုမှချစ်မိသွားတဲ့ဗန်နီလာရဲ့အချစ်ခရီးလမ်းဟာဖြောင့်ဖြူးနိုင်ပါ့မလားဆိုတဲ့တော်လှန်ရေးကြားကအချစ်ဇာတ်လမ်းလေးတစ်ခုအကြောင်းကို ရင်တထိတ်ထိတ်နဲ့လိုက်ပါခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း