Godse
ယခုနှစ်အတွင်းအသစ်ထပ်မံထွက်ရှိထားတဲ့စုံထောက်အက်ရှင်ဇာတ်ကားလေးတစ်ကားကိုညွှန်းပေးချင်ပါတယ်။ဇာတ်လမ်းကတော့ 'ဗိုင်ရှာလီ'ဆိုတဲ့ရဲမေမလေးဟာရဲဌာနရဲ့တရားခံနှင့်ညှိနှိုင်းဆွေးနွေးခြင်းဆိုတဲ့ အထူးဌာနခွဲမှာတာဝန်ထမ်းဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ညှိနှိုင်းဆွေးနွေးပေးသူဆိုတာကတော့တရားခံကိုအတတ်နိုင်ဆုံးဖျောင်းဖျပြောဆိုပြီး ဓားစာခံကိုမထိခိုက်စေဖို့ကူပြောပေးရတဲ့သူမျိုးပါ။ တစ်နေ့မှာတော့နေအိမ်တစ်အိမ်ကိုဓားပြသုံးယောက်ဝင်စီးပြီး ပစ္စည်းခိုးယူဖို့ကြိုးစားရင်း လူမိသွားတဲ့အခါ နေအိမ်မှာရှိနေတဲ့အမျိုးသမီးကို အသက်အန္တရာယ်ပြုလာခဲ့ပါတယ်။ဓားစာခံအသက်မဆုံးရှုံးစေဖို့ကြိုးစားရမယ်ဆိုတဲ့စိတ်နဲ့ဗိုင်ရှာလီတစ်ယောက်လက်နက်ချကာအိမ်ထဲဝင်သွားခဲ့ပေမဲ့ အခြေအနေမှားယွင်းကုန်ကာ ဓားစာခံကဗိုင်ရှာလီ၏လက်ပေါ်မှာတင်သေဆုံးသွားခဲ့ရပါတော့တယ်။ ဗိုင်ရှာလီလဲ လူတစ်ယောက်မျက်စိရှေ့တင်သေသွားသည့်မြင်ကွင်းကိုဖျောက်မရတာကြောင့်အလုပ်ထွက်စာတင်ခဲ့ပါတယ်။ရုတ်တရက်ချည်းမို့ဌာနမှုးကလဲဗိုင်ရှာလီ့ကိုနှုတ်ထွက်ခွင့်မပေးဘဲ ဓားစာခံအမှုနဲ့ဆက်စပ်နေတဲ့ရာထူးမြင့်ပုဂ္ဂိုလ်တွေကိုပဲပြန်ပေးဆွဲတဲ့ ပြန်ပေးဆွဲသမားတစ်ဖွဲ့ပေါ်လာပြီး အမှုကိုဆက်စုံစမ်းရင်း ဗိုင်ရှာလီ့အတွက်စဥ်းစား စရာတွေဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ဒီအမှုရဲ့နောက်ကွယ်ရည်ရွယ်ချက်ကရောဘာလဲဆိုတာကိုလိုက်စုံစမ်းရင်း စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ကားလေးမို့အခုလိုညွှန်းပေးလိုက်ရပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း