One Day
အာမခံရုံး စစ်ဆေးရေးအရာရှိ လီဂန်ဆူဟာ ဇနီးဖြစ်သူ သေဆုံးပြီးနောက်မှာ အကြီးအကျယ် စိတ်ဓာတ်ကျနေသူပါ။ သူ အလုပ်ပြန်ဝင်ချိန်မှာ ယာဥ်မတော်တဆမှုကြောင့် ကိုမာဝင်နေတဲ့ ဒန်မီဆို ဆိုသူ မျက်မမြင်အမျိုးသမီးရဲ့ အမှုကို စစ်ဆေးဖို့ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ အမှုစစ်ဆေးဖို့ ဆေးရုံကိုသွားရင်း ဒန်မီဆိုရဲ့ မြောလွင့်နေတဲ့ ဝိဉာဉ်နဲ့ ဆုံတွေ့ခဲ့ရပါတော့တယ်။ ဝိဉာဉ်အဖြစ်ရှိနေတဲ့ ဒန်မီဆိုကတော့ အမြင်အာရုံချို့ယွင်းခြင်းမရှိပေမယ့် သူ့ကို မြင်နိုင်သူကတော့ လီဂန်ဆူတစ်ယောက်ပဲ ရှိပါတယ်။ လီဂန်ဆူတစ်ယောက် ဒန်မီဆိုရဲ့ တောင်းဆိုမှုကို ကူညီပေးရင်း ခက်ခဲတဲ့ဘဝကို ဘယ်လိုဆက်ရှင်သန်ရမယ်ဆိုတာ အဖြေရှာတွေ့နိုင်မလား၊ ကွယ်လွန်သူ ဇနီးသည်ကို လက်လွှတ်နိုင်မလားဆိုတာကို နင့်သီးလှပစွာ ရိုက်ကူးပုံဖော်ထားတဲ့ One Day ဆိုတဲ့ ဇာတ်လမ်းလေးကို MSub Movie မှာ ခံစားကြည့်ရှုနိုင်ပါပြီ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ June Rose ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း