Carter
ဒီဇာတ်ကားလေးကတော့ ဩဂုတ် ၅ရက်နေ့ကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားလေးပါ။ ဒီအမ်ဇီဆိုတဲ့ သန္ဓေပြောင်း ဗိုင်းရပ်စ်တစ်မျိုးကြောင့် မြောက်ကိုရီးယားနဲ့ အမေရိကန်မှာ ပွက်လောရိုက်နေချိန် လီကာတာဆိုတဲ့လူဟာ တောင်ကိုရီးယားမှာရှိတဲ့ မိုတယ်တစ်ခုမှာ နိုးလာခဲ့တယ်။ သူ နိုးလာချိန်မှာ မှတ်ဉာဏ်တွေပျောက်ဆုံးနေပြီး စီအိုင်အေက သူ့နောက်ကို လိုက်နေတဲ့အပြင် သူ့နားထဲမှာ အတပ်ခံထားရတဲ့ စက်ကနေ အမျိုးသမီးအသံတစ်ခုက ဘာလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ပေးနေပြန်တယ်။ အဲဒီအသံရဲ့ ညွှန်ကြားချက်အရ သူဆောင်ရွက်ရမယ့် တာဝန်က စီအိုင်အေ ပြန်ပေးဆွဲသွားတဲ့ ဗိုင်းရပ်စ်ကုသဆေး ထုတ်လုပ်ရာမှာ အချက်အချာဖြစ်တဲ့ ဟာနာဆိုတဲ့ ကလေးမလေးကို သူ့အဖေ ဆေးသုတေသီရှိနေတဲ့ မြောက်ကိုရီးယားဆီ ဘေးကင်းကင်းပြန်ပို့ပေးဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တာဝန်ကို ဆောင်ရွက်နေစဥ်မှာ ဟာနာနောက်ကို လိုက်နေသူတွေ တစ်ယောက်မကရှိနေတာကို သိလိုက်ရပြီး ဘယ်သူ့ကိုမှ ယုံကြည်လို့မရနိုင်ဖြစ်လာတော့တယ်။ အဲ့ဒါအပြင် ကိစ္စကြီးတစ်ခုလုံးရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအမြတ်ထုတ်မှုတွေကလည်း ရှိနေပြန်ပါသေးတယ်။ ဒီတော့ ကာတာတစ်ယောက် ဟာနာကို မြောက်ကိုရီးယားအထိ ဘေးကင်းကင်းပြန်ပို့ပေးနိုင်ပါ့မလား၊ အဖျက်ခံလိုက်ရတဲ့ သူ့မှတ်ဉာဏ်တွေနဲ့ ပတ်သက်ပြီးတော့ရော ဘာဇာတ်လမ်းတွေရှိမလဲဆိုတာကို Carter ဆိုတဲ့ ဇာတ်လမ်းလေးမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားလိုက်ကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ June Rose ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း