Kung Fu Zohra
မြင်မြင်ချင်းချစ်မိသွားခဲ့လို့ လက်တွဲခဲ့ကြပေမဲ့ လက်ထပ်ပြီးနောက်ပိုင်းမှာမှ ခင်ပွန်းဖြစ်သူရဲ့ရိုက်နှက်တာကိုခံလာရတဲ့ ရိုးသားတဲ့ဇိုဟာတစ်ယောက် ခင်ပွန်းဖြစ်သူရဲ့အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို မကျေမနပ်နဲ့သည်းခံနေရင်း သူတို့ဘဝထဲကိုသမီးလေးတစ်ယောက်ရောက်လာတဲ့အခါ ထွက်သွားဖို့ပြင်နေတဲ့ဇိုဟာတစ်ယောက် နှောင်ကြိုးတွေနဲ့ရစ်ပတ်လာပါတော့တယ်။ သမီးလေးတစ်ယောက်ရလာပေမဲ့လည်း သူ့ယောက်ျားရဲ့စိတ်တိုရင်လက်ပါတတ်တဲ့အကျင့်ဟာ ပျောက်မသွားပါဘူး။ အကြမ်းဖက်တဲ့ဒဏ်ကိုလည်းမခံနိုင် သမီးနဲ့လည်းမခွဲနိုင်တဲ့ဇိုဟာက နောက်ဆုံးမှာသူ့ကိုယ်သူကာကွယ်နိုင်မဲ့နည်းပေါင်းစုံကိုလေ့လာရင်း ကွန်ဖူးဆရာကြီးတစ်ယောက်နဲ့ဆုံမိသွားတဲ့နောက် သူ့ကိုယ်သူဘယ်လိုဆက်ပြီးကာကွယ်သွားမလဲဆိုတာကိုကြည့်ရှုကြရမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း