ဇာတ်ကားများ ရွေးရန်

Vanished: Searching for My Sister

2022ဇာတ်ကားWeb-dl 1080p

2022 ခုနှစ်ကမှ‌ လောလောလတ်လတ် ထွက်ရှိထားခဲ့တဲ့ Vanished Seachring For My Sister ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကတော့ ညီအမ သံယောဇဉ်ကို အခြေပြုထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အမွှာ ဖြစ်ပေမယ့် အကျင့်စရိုက်ရော နေထိုင်ရှင်သန်နေတဲ့ ပတ်ဝန်းကျင်ရော မတူတဲ့ ညီအမ နှစ်ယောက်ကြားမှာ ဘယ်လို ကွာခြားမှုတွေရှိနေမလဲ။ တစ်ယောက်တစ်အိမ်ထောင်ဆီ နဲ့ ကိုယ့်ဘဝကိုယ် လျှောက်လှမ်းနေကြပေမယ့် အခက်အခဲ ရှိချိန်တိုင်း အကူအညီပြေးတောင်းတတ်တဲ့ ညီမ ဖြစ်သူအတွက် အရာရာကို မတုံမဆိုင်း ကူညီပေးတတ် တဲ့ အမ တစ်ယောက်ရဲ့ သံယောဇဉ်တွေနဲ့ ပေးဆပ်မှုတွေရယ်။ ရုတ်တရက် သဲလွန်စ မရှိပါဘဲ ပျောက်ဆုံးသွားတဲ့ ညီမ ဖြစ်သူကို ရှာဖွေဖို့ အတွက်ကို ကိုယ်တိုင် မကျင်လည်ဘူးတဲ့ ညီမဖြစ်သူရှင်သန်နေတဲ့ နယ်ပယ်ထဲမှာ ဟန်ဆောင်လိမ်ညာပြီး လိုက်လံစုံစမ်းနေရင်း ဘယ်လို အခက်အခဲတွေ ၊ ထိန့်လန့်စရာတွေကို ကြုံတွေ့ရမလဲ။ညီမဖြစ်သူ ပျောက်ဆုံးသွားတဲ့ တကယ့် ဖြစ်ရပ်မှန်ကကော ဘာတွေဖြစ်မလဲ ဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း