ဇာတ်ကားများ ရွေးရန်

Thappad

2020ဇာတ်ကားအမှတ် 7/10Web-dl 1080p

တခြားဘယ်အကြောင်းရင်းမှမရှိ ပါးလေးတစ်ချက်အရိုက်ခံရတာကြောင့် ကွာရှင်းမယ် ဒါကဖြစ်နိုင်ပါရဲ့လားပေါ့။ အန်ရီတာဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် ၊ ဆွေကြီးမျိုးကြီးအမျိုးသားလေးတစ်ယောက်ရထားပြီး အိမ်ထောင်ရေးကံကောင်းရှာတယ်ပေါ့။ ဘဝကို ကိုယ်ပိုင်ရပ်တည်ချက်ခိုင်ခိုင်မာမာနဲ့ ဖြတ်သန်းနေတဲ့ အမျိုးသမီးတစ်ယောက်။ သူ့ဘဝမှာလိုချင်တာနှစ်ခုပဲရှိတယ် လေးစားမှုနဲ့ပျော်ရွှင်မှု။ အဲ့ဒီနှစ်ခုပဲရှိတဲ့ ဆန္ဒကို အမျိုးသားဖြစ်သူက ရိုက်ခတ်လာတဲ့အခါ။ ထိုအမျိုးသမီးလေး ဘာလုပ်မလဲ။ ထပ်တိုက်ရင်ဆိုင်မလား။ ရှောင်ဖယ်သွားမလား။ လူ့ဘောင်အဖွဲ့အစည်းအတွင်း အိမ်ထောင်ရေးလောကမှာဖြစ်ပျက်တတ်တာတွေကို ရိုက်ပြထားတာကြောင့် ကြည့်ရသိပ်တန်ပါတယ်။ ပါးလေးတစ်ချက်ဆိုပေမဲ့ နာတာကနာတာပါပဲ။ ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ Lilly ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း