Khuda Haafiz Chapter 2
၂၀၂၀ လောက်တုန်းကထွက်ခဲ့တဲ့ "Khuda Haafiz" ဆိုတဲ့ကားလေးရဲ့နောက်ဆက်တွဲ Chapter 2 ပဲဖြစ်ပါတယ်။ ဒီကားထဲမှာတော့စမီးဟာ သူ့မိန်းမနာဂစ်ကိုကယ်လာပြီးတဲ့နောက်ဘဝကိုအေးအေးချမ်းချမ်းပဲဖြတ်သန်းနေပါတယ်။ဒါပေမဲ့နာဂစ်ဟာအတိတ်ကအရိပ်ဆိုးကြီးကနေမရုန်းထွက်နိုင်ဘဲစိတ်ကျရောဂါကိုခံစားနေရပါတယ်။ ဒီလိုနဲ့တစ်ရက်မှာတော့နန္ဒီနီဆိုတဲ့ကလေးလေးတစ်ယောက် ကလေးလေးသူတို့ဘဝထဲကိုရောက်လာခဲ့ပါတယ်။ နန္ဒီနီလေးရောက်လာပြီးတဲ့နောက်မှာ အမြဲတမ်းစိတ်ဆင်းရဲမှုတွေပဲရှိနေခဲ့တဲ့အိမ်လေးဟာစိုပြေလာခဲ့ပြီးတော့ နာဂစ်ရဲ့စိတ်ကျရောဂါလည်း သက်သာလာခဲ့ပါတယ်။ ဒါပေမယ့်ကံတရားကသူတို့ကို ကြာကြာပျော်ရွှင်ခွင့်မပေးခဲ့ပါဘူး။ နန္ဒီနီလေးဟာလူယုတ်မာတစ်သိုက်ရဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခြင်းကိုခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့်စမီးဟာသူ့ဘဝရဲ့ပျော်ရွှင်မှုဖြစ်တဲ့ နန္ဒီနီကိုဆွဲထုတ်သွားတဲ့သူတွေကိုလက်စားချေဖို့စပြီးကြိုးစားပါတော့တယ်။ စမီးရဲ့လက်စားချေမှုအောင်မြင်သွားမလား။ မုဒိမ်းကောင်တွေကိုအပြစ်ပေးနိုင်မလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။ ဇာတ်ကားနဲ့ အညွှန်းဘာသာပြန်သူကတော့ Yoon Cherry Kyaw ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း