ဇာတ်ကားများ ရွေးရန်

Beast

2022ဇာတ်ကားWeb-dl 4K SDR

ဇာတ်လမ်းအစကနေအဆုံးထိ ဇာတ်ရှိန်ကျမသွားဘဲ ရင်တထိတ်ထိတ်ကြည့်ချင်သူတွေအတွက်တော့ ဒီဇာတ်ကားလေးက အကြိုက်တွေ့မှာပါ။ ဇာတ်လမ်းအကျဥ်းကတော့.....မိခင်ရဲ့မွေးရပ်မြေဖြစ်တဲ့ တောင်အာဖရိကကို အလည်လာကြတဲ့ နိတ်တို့သားအဖသုံးယောက်ရဲ့ ဇာတ်လမ်းလေးပါ။ အဲဒီမှာ သူ့အဖေနဲ့အမေရဲ့ အောင်သွယ်တော်ကြီး သဘာဝတောရိုင်းကောင်လေးတွေကို ကာကွယ်ပေးတဲ့ မာတင်ဆိုတဲ့လူကြီးလည်းရှိတယ်။ မာတင်ဟာ နိတ်တို့သားအဖကို တောရိုင်းကောင်တွေရဲ့ သဘာဝအလှတွေကို လိုက်ပြပေးဖို့ တောအုပ်ကြီးထဲကို လိုက်ပို့ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ မထင်မှတ်ဘဲ တရားမဝင်မုဆိုးတွေရဲ့စည်းကမ်းမဲ့ အမဲလိုက်မှုကြောင့် ​ ဒဏ်ရာရနေတဲ့ခြင်္သေ့နာတကောင်ဟာ တရွာလုံးကလူတွေကို ကိုက်သတ်ပြီး တွေ့သမျှလူတွေအားလုံးကို လိုက်ပြီးအမဲဖျက်နေတယ်။ အဲဒီနေရာကို ရောက်သွားတဲ့ နိတ်တို့သားအဖ ကလဲ့စားချေခြင်နေတဲ့ ခြင်္သေ့နာလက်ထဲက ဘယ်လိုလွတ်မြောက်အောင်ထွက်ပြေးကြမလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းလောက်အောင် ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအညွှန်းနဲ့ ဘာသာပြန်သူကတော့ Marip Pan ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း