ဇာတ်ကားများ ရွေးရန်

Me Time

2022ဇာတ်ကားအမှတ် 5/10Web-dl 1080p

နာမည်ကြီးဟာသသရုပ်ဆောင်တွေဖြစ်တဲ့ Kevin Hart နဲ့ Mark Wahlbergတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဟာသဇာတ်ကားလေးဟာဆိုရင် ကိုယ့်အတွက်အချိန်ပေးကြရင်းလုပ်မိတဲ့အလွဲလေးတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဆန်နီနဲ့ဟတ်ခ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပြီးတော့ ဟတ်ခ်ရဲ့မွေးနေ့တိုင်းမှာလည်း ဆန်နီကအတူတူဖြတ်သန်းပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ဆန်နီအိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ရလာတဲ့အချိန်မှာ အရင်လိုမပျော်ပါးနိုင်တော့ပဲ အိမ်မှုကိစ္စတွေနဲ့ သူ့အချိန်ဆိုတာမရှိတော့ပါဘူး။ အဲဒါကြောင့် ဆန်နီရဲ့မိန်းမက သူတစ်ယောက်တည်းအချိန်ဖြုန်းလို့ရအောင် ကလေးတွေကိုခေါ်ပြီးခရီးထွက်သွားပါတယ်။ ကဲချင်တိုင်းကဲလို့ရတဲ့တစ်ပတ်တာကာလမှာ ဆန်နီတစ်ယောက် သူ့သူငယ်ချင်းဟတ်ခ်ရဲ့မွေးနေ့ပါတီကိုသွားရင်းဘယ်လိုအလွဲတွေနဲ့ရယ်စရာတွေဖန်တီးမလဲဆိုတာကြည့်လိုက်ရအောင်။ ဇာတ်ကာအညွှန်းနဲ့ဘာသာပြန်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း