ဇာတ်ကားများ ရွေးရန်

My P.S. Partner

2012ဇာတ်ကားWeb-dl 1080p

ဒီကားလေးကတော့ ၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ အချစ်ဟာသ ဒရာမာဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဟျွန်းဆွန်း (Ji Sung) ဟာ သီချင်းရေးဆရာဖြစ်ဖို့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေသူပါ။ သူ့ရဲ့ ၇နှစ်တာ တွဲလာတဲ့ချစ်သူက မရေရာတဲ့ အိပ်မက်နောက်လိုက်နေတဲ့ သူ့ကို စိတ်ပျက်လာတာကြောင့် လမ်းခွဲပြီး ရုပ်ရှိရေလျှံ ဘဲတစ်ယောက်နဲ့ တွဲသွားခဲ့တယ်။ ရည်းစားနဲ့ လမ်းခွဲရလို့ စိတ်ပျက်နေတုန်း တစ်ညမှာ ဖုန်းတစ်ကောလ် ဝင်လာခဲ့တယ်။ ဖုန်းထဲက အမျိုးသမီးက ဘာမပြောညာမပြောနဲ့ Phone Sex လုပ်ခိုင်းခဲ့တယ်လေ။ အမှန်က ဖုန်းဆက်လာတဲ့အမျိုးသမီးဟာ သူ့ချစ်သူဆီ ဖုန်းခေါ်ရင်း ဖုန်းနံပါတ် မှားနှိပ်မိခဲ့တာပါ။ ယွန်းဂျောင်းမှာလည်း သူ့ရဲ့ ၅နှစ်တာ အချစ်ရေးမှာ အဆင်မပြေမှုတွေ ရှိနေခဲ့ပါတယ်။ ဒီလိုနဲ့ အဆင်မပြေမှုတွေ ကိုယ်စီရှိနေသူနှစ်ယောက် ဖုန်းထဲကနေ ရင်ဖွင့်ဖော်မိတ်ဆွေတွေအဖြစ် စကားပြောကြရင်း အပြင်မှာတွေ့ဖြစ်ကြတဲ့အခါ... ဘာမှမဆိုင်တဲ့ သူစိမ်းနှစ်ယောက် အချင်းချင်း နားလည်မှုတွေနဲ့ အပြန်အလှန်ကူညီနှစ်သိမ့်ရင်း ချစ်မိသွားမှာလား၊ ဘယ်လိုဒရာမာတွေ ရှိလာမလဲဆိုတာကို Whatcha Wearing? ဆိုတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း