Delia's Gone
Autism သမား လူးဝစ်မှာ ဒေလီယာဆိုတဲ့ အစ်မတယောက်ရှိတယ်။ သူတို့အဖေဆုံးကတည်းက ဒေလီယာကပဲ လူးဝစ်ကို စောင့်ရှောက်လာခဲ့တယ်။ လူးဝစ်ဘဝမှာ တွယ်တာစရာဆိုလို့ သူ့အစ်မတယောက်ပဲရှိတယ်။ တနေ့တော့ ဒေလီယာက အလုပ်ကိစ္စအတွက် တခြားမြို့ကို ပြောင်းဖို့ဖြစ်လာတယ်။ ဒါပေမဲ့ လူးဝစ်က သဘောမတူတဲ့အတွက် အငြင်းအခုန်ဖြစ်ပြီး ဒေလီယာက လူးဝစ်ကိုအရက်အတူသောက်ဖို့ပြောတယ်။ လူးဝစ်က အရက်သောက်ပြီးရင် သွေးဆိုးတတ်လို့ မသောက်ချင်ဘူး။ ဒါပေမဲ့ ဒေလီယာကတော့ အရက်သောက်ဖို့ ရေခဲသေတ္တာထဲက အရက်ပုလင်းကို သွားထုတ်တယ်။ ဒါပေမဲ့ လူးဝစ် သတိထားမိလိုက်တဲ့အချိန်မှာ ဒေလီယာက ကြမ်းပြင်ပေါ်မှာ သေနေပြီ။ အဲဒီအတွက် လူးဝစ် ထောင် ၅ နှစ်ကျခဲ့တယ်။ ဒါပေမဲ့ တရက်မှာတော့ သူ့ဆီကိုဧည့်သည်တယောက် အလည်လာတယ်။ အဲဒီအချိန်မှာ လူးဝစ်က ဒေလီယာသေတဲ့အကြောင်းရင်းနောက်မှာ သူမသိသေတဲ့ ကိစ္စတချို့ရှိနေတာကို သိလိုက်ရတဲ့အခါ....။ ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်သူကတော့ Marip Pan ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း