Lou
Action-Thriller မှာ ဒရမ်မာလေးနှောပြီး မိခင်မေတ္တာနဲ့ မိသားစုအဓိပ္ပါယ်ကိုပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ တစ်သက်စာပြင်မရတော့တဲ့အမှားကို ကျူးလွန်မိတဲ့ မိခင်တစ်ယောက်ရဲ့အဖြစ်ကို အက်ရှင်ခပ်ကြမ်းကြမ်းလေးနဲ့ ရိုက်ပြထားပါတယ်။ ဟန်နာဟာ အတိတ်ကတစ်စုံတစ်ရာကြောင့် ချောင်ကျတဲ့ကျွန်လေးမှာ သမီးငယ်ဗီးနဲ့အတူ လာရောက်နေထိုင်သူပါ။ လူးဆိုတဲ့ဘွားတော်ကြီးကတော့ ဟန်နာတို့သားအမိရဲ့အပေါက်ဆိုးဆိုး မြေပိုင်ရှင်ပေါ့။ တစ်နေ့ သူတို့နေထိုင်ရာကျွန်းမှာ မုန်တိုင်းကြီးတိုက်ခတ်ပါတယ်။ မုန်တိုင်းတိုက်လို့ မီးတွေပျက်သွားတဲ့ညမှာ ဟန်နာရဲ့သမီးငယ်ဗီးလေး ရုတ်တရက်ပျောက်ဆုံးသွားပါတော့တယ်။ သမီးဇောနဲ့သွေးရူးသွေတန်းဖြစ်နေတဲ့ ဟန်နာဟာ လူးဆီသွားပြီး သူ့သမီးပြန်ပေးဆွဲခံရကြောင်း ပြောပါတယ်။ လူးကလည်း မဆိုင်းမတွဘဲ ဟန်နာနဲ့အတူ ဗီးကိုရှာဖို့ လိုက်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ လူးနဲ့ဟန်နာတို့နှစ်ဦး ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ၊ ဗီးကိုခေါ်သွားတာဘယ်သူလဲ၊ ပြန်ရောတွေ့ပါ့မလားဆိုတာကို စောင့်ကြည့်ရင်း လူးရဲ့လုံး၀မထင်မှတ်ထားတဲ့ အတိတ်ကအဖြစ်တွေကိုလည်း တအံတဩကြည့်ရှုကြရမှာပါ။ MDb rating လည်း 6.1 ရရှိထားတာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါနော်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Scarlett-Joe ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း