ဇာတ်ကားများ ရွေးရန်

Bandit

2022ဇာတ်ကားWeb-dl 1080p

ဒီဇာတ်လမ်းဟာဆိုရင် Gilbert Galvan Jrဆိုတဲ့လုယက်သမားတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ဘဝကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Gilbert Galvan Jr အနေနဲ့ မင်းသားကြီး Josh Duhamel ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူရဲ့ဘဝကိုပြောပြရမယ်ဆိုရင် Gilbertဟာ လိမ်လည်မှုတွေကြောင့် ထောင်ကျခဲ့တာတောင် ထောင်ကနေထွက်ပြေးလာခဲ့ပါတယ်။ သူ့ရဲ့ခံယူချက်လိုဖြစ်နေတာတစ်ခုက တောင်ဘက်မှာပြဿနာတက်ရင်မြောက်ဘက်ကိုပြေးမယ်ဆိုတာပါပဲ။ အဲဒီလို ထောင်ပြေးဘဝနဲ့ကြုံရာကျပန်းလျှောက်သွားနေရင်း သူ့ရဲ့ဘဝလက်တွဲဖော်နဲ့တွေ့ဆုံလာရတဲ့အခါ ငွေအမြန်ရနိုင်တဲ့နည်းဖြစ်တဲ့ ဘဏ်ကိုလုယက်တဲ့အလုပ်နဲ့ သူတို့နှစ်ယောက်ရဲ့ဘဝကိုရှေ့ဆက်ကြတာပေါ့။ သူအဲဒီလိုဘဏ်တွေကိုလုယက်တာကိုဘယ်အထိဆက်လုပ်သွားမှာလဲ။ သူအမြဲတမ်းထွက်ပြေးလွတ်မြောက်နိုင်မှာလား။ သူ့ရဲ့လက်တွဲဖော်ကရော သူ့ရဲ့အလုပ်အကိုင်ကိုသိသွားရင် လက်ခံပေးနိုင်ပါ့မလား။ ကျွမ်းကျင်လုယက်သမားကြီး Gilbert Galvan Jrရဲ့ ဘဝဇာတ်ကြောင်းအမှန်ကိုကြည့်ရှုကြရမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း