ဇာတ်ကားများ ရွေးရန်

Blank

2022ဇာတ်ကားWeb-dl 1080p

စာရေးဆရာမ ကလယ်ရေဗာဟာ သူ့ရဲ့နောက်ရေးမဲ့စာအုပ်အတွက်အကြံဉာဏ်တွေထွက်မလာဘဲ အခက်တွေ့နေခဲ့တာကြောင့် AIနည်းပညာနဲ့လည်ပတ်နေတဲ့ စာရေးသူတွေအတွက်ဆိတ်ငြိမ်အိမ်ရာမှာ ရက်၃၀ ကြာစာသွားရေးဖို့စာရင်းပေးသွင်းလိုက်ပါတယ်။ အဲဲဒီအိမ်ရာမှာ သူနဲ့အတူနေပေးပြီး သူ့ကိုကူညီပေးမဲ့ ရီတာဆိုတဲ့ AIစက်ရုပ်တစ်ရုပ်ရှိပါတယ်။ တစ်ရက်မှာ တစ်အိမ်လုံးကိုထိန်းချုပ်ထားတဲ့ဆော့ဖ်ဝဲမှာ ဗိုင်းရပ်စ်ဝင်သွားပြီး ကမောက်ကမဖြစ်ကုန်ပါတယ်။ အပြင်လောကနဲ့ပါ အဆက်အသွယ်ပြတ်သွားခဲ့တဲ့အပြင် အိမ်တံခါးဖွင့်နိုင်တဲ့သူကလည်း သူ့ရဲ့အကူစက်ရုပ် ရီတာတစ်ယောက်ပဲရှိပါတယ်။ ဒါပေမဲ့ ရီတာကလည်းသူ့ရဲ့ထိန်းချုပ်မှုစနစ်အောက်မှာမရှိတော့ဘဲ လုပ်ချင်ရာလုပ်ပြီးမူမမှန်ဖြစ်လာခဲ့ပါတယ်။ အိမ်ထဲမှာပိတ်မိနေတဲ့ကလယ်တစ်ယောက် ဘယ်လိုစိတ်ဆင်းရဲစရာတွေနဲ့ကြုံတွေ့လာရဦးမလဲ။ အိမ်ထဲကနေလွတ်မြောက်အောင်ကြိုးစားနိုင်ပါဦးမလားဆိုတာကို ဒီဇာတ််ကားထဲမှာကြည့်ရှူကြရမှာပါ။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း