Vesper
IMDb rating အနေနဲ့ 6.6 ရရှိထားပြီး ခပ်ဆန်းဆန်းစိတ်၀င်စားစရာကောင်းတဲ့ sci-fi ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ကမ္ဘာကြီးရဲ့ရှေ့အနာဂတ်၊ ဂေဟစနစ်ပျက်စီးပြီးတဲ့ခေတ်မျိုးကို စိတ်ကူးယဉ်ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဒီခေတ်မှာ အသက်ရှင်ဖို့ရုန်းကန်နေကြတဲ့ လူသားတွေကလွဲပြီး သက်ရှိတွေမရှိကြတော့ပါဘူး။ ဗက်စ်ပါဆိုတာကတော့ အဲဒီခေတ်မှာနေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ပါရမီရှင်ကောင်မလေးပါ။ အဲဒီခေတ်မှာတောင် လူချမ်းသာတွေနေထိုင်ရာမြို့ကြီးတွေနဲ့ ဗက်စ်ပါတို့လိုတောထဲမှာနေတဲ့ လူမွဲတွေဆိုပြီး ကွဲပြားနေပါသေးတယ်။ ဗက်စ်ပါတို့ဟာ လူချမ်းသာတွေနေထိုင်ရာ စီတဒဲလ်ကို၀င်ခွင့်မရကြပါဘူး။ အကြောသေနေတဲ့ အဖေဖြစ်သူနဲ့နေထိုင်ရရှာတဲ့ ဗက်စ်ပါကတော့ အဲဒီမြို့ကြီးက ဓာတ်ခွဲခန်းမှာအလုပ်လုပ်ရဖို့ အိပ်မက်မက်နေသူပေါ့။ ကမ်မလီယာလို့ခေါ်တဲ့မိန်းကလေးတစ်ယောက် ဗက်စ်ပါတို့ဆီ ရောက်လာချိန်မှာတော့ အပြောင်းအလဲတွေစတင်လာပါတော့တယ်။ ဗက်စ်ပါတို့ အသက်ရှင်ရပ်တည်ရေးအတွက် ဘယ်လိုရုန်းကန်ကြမလဲ၊ ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင်ရမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Scarlett-Joe ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း