ဇာတ်ကားများ ရွေးရန်

God's Country

2022ဇာတ်ကားWeb-dl 1080p

2022 မှာ ထွက်ရှိခဲ့တဲ့ Gods Country ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားလေးကတော့ မိန်းမတစ်ယောက်ရဲ့ စိတ်နေစိတ်ထား အပြုအမူတွေနဲ့ ရဲရင့်မှုတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ နတ်ဘုရားတွေက လူသားတွေ အားလုံးကို ကယ်တင်ပေးနိုင်မယ်လို့ ယုံကြည်နေတဲ့ အမေဖြစ်သူအပေါ် တာဝန်နဲ့ ဝတ္တရားတွေ ပျက်ကွက်ခဲ့ပြီး အလုပ်ကိုပဲ ပို အာရုံစိုက်ခဲ့မိရာက အမေဖြစ်သူ သေဆုံးသွားပြီးမှ ရခဲ့တဲ့ နောင်တတွေနဲ့ ဘဝကို တစ်ယောက်တည်း ဖြတ်သန်းနေရာက ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ။ သူမ အနားမှာ ရှိနေတဲ့ သူမယုံကြည်ထားတဲ့ သူတွေကကော သူမအပေါ်တကယ်ကောင်းနိုင်ပါ့မလား။တရားမျှတမှုတွေ ၊ သနားကြင်နာမှုတွေကို မြတ်နိုးတဲ့ သူမရဲ့ ဘဝမှာ အတိုက်အခိုက်တွေ ကို ဘယ်လို အဆုံးသတ်မှာလဲ။ မတရားမှုတွေ ကို ဘယ်လို လက်တုံ့ပြန် အနိုင်ယူ နိုင်မလဲ ဆိုတာတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှု ရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း