Mr. Harrigian's Phone
ခရက်ဂ်ဆိုတဲ့ ကောင်လေးက မြို့သေးသေးလေးတစ်မြို့မှာ အမေဆုံးပြီး နောက်ပိုင်း အဖေဖြစ်သူနဲ့ နေထိုင်ခဲ့ပါတယ်။ သူဟာ စာဖတ်ကောင်းသူတစ်ယောက်ဖြစ်ပြီး တစ်နေ့ ဘုရားကျောင်းမှာ ကျမ်းစာဖတ်ပြတာကို သူဌေးကြီးတစ်ယောက်က သဘောကျသွားခဲ့ပြီး သူ့ကို စာဖတ်ပြဖို့ လစာပေး ငှားခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေ ကြာလာတဲ့အခါ ကောင်လေးနဲ့ သူဌေးကြီး ရင်းနှီးလာကြတော့ ခရက်ဂ်က မစ္စတာ ဟယ်ရစ်ဂန်ကို ဖုန်းလေးတစ်လုံး လက်ဆောင်ပေးခဲ့ပါတယ်။ ထူးခြားတာက မစ္စတာ ဟယ်ရစ်ဂန် သေဆုံးသွားတဲ့အခါ ခရက်ဂ်က ဖုန်းလေးကိုပါ မြေရောမြှုပ်လိုက်ပေမယ့် သူ့ဆီကို စာတွေဝင်ပြီး ဖုန်းတွေက ဆက်တိုက်ဆက်နေခဲ့ပါတယ်။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ နောက်ကွယ်မှာရော ဘာတွေရှိနေမလဲဆိုတာ စိတ်ဝင်တစားကြည့်ရမယ့် horror အမျိုးအစား ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း