Maja Ma
ပါလာဗီဆိုတဲ့အမျိုးသမီးဟာ အိမ်ထောင်ရှင်မကောင်းပီသစွာနဲ့ ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနေထိုင်နေသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့တစ်နေ့မှာ သူ့ဘဝတစ်လျောက်လုံးသိုသိပ်လာခဲ့တဲ့ အကြီးမားဆုံးလျို့ဝှက်ချက်တစ်ခုဟာ အမှတ်မထင် ပေါက်ကြားသွားပါတော့တယ်။ အဲ့ဒီလျို့ဝှက်ချက်ကတော့ ပါလာဗီဟာ Lesbianတစ်ဦးဖြစ်တယ်ဆိုတာပါပဲ။LGBTQ+ ကျယ်ပြန့်လာတဲ့အခုလိုခေတ်ကြီးထဲမှာတောင် တစ်ချို့သူတွေကတော့ ကွယ်ဝှက်ပြီးပဲနေနေကြရတုန်းပါ။ အဲ့ဒီထဲမှာ ပါလာဗီလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဆိုးဆိုးရွားရွားပြန့်နှံ့လာတဲ့သတင်းကြောင့် သူမရဲ့သားဖြစ်သူစီစဥ်ထားတဲ့ စေ့စပ်ပွဲက နှောင့်နှေးသွားပြီး နှစ်ဖက်မိဘအဆင်မပြေမှုတွေက စတင်လာပါတော့တယ်။ ပါလာဗီချစ်ခဲ့တာဘယ်သူ့ကိုလဲ ? အဖြစ်မှန်ပေါ်လာတဲ့အခါမှာ မိသားစုက ဘယ်လိုတုံ့ပြန်ကြမလဲ ? စေ့စပ်ပွဲလည်းအဆင်ချောချာနဲ့ပြီးသွားပါ့မလား? အစရှိတဲ့မေးခွန်းပေါင်းစုံနဲ့ စီးမြောကြည့်ရှုရမှာ ဖြစ်ပြီးတော့ LGBTQ+တွေရဲ့ စိတ်ပိုင်းဆိုင်ရာခက်ခဲမှုတွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေး၍ ဘာသာပြန်ဆိုသူမှာ Danny Kim ဖြစ်ပါသည်။
ဇာတ်လမ်းအကြောင်း