ဇာတ်ကားများ ရွေးရန်

The Inhabitant

2022ဇာတ်ကားအမှတ် 5/10Web-dl 1080p

Halloween ရာသီလဲရောက်ပြီဆိုတော့ ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ 2022ခုနှစ်အတွင်းမှာ အသစ်စက်စက် ထွက်ရှိထားတဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းတဲ့ထိပ်လန့်ဖွယ် ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ The Inhabitant (2022) ပဲဖြစ်ပါတယ်။ 1892 ခုနှစ်မှာ သူမ၏မိထွေးနှင့်ဖခင်ကို ပုဆိန်ဖြင့်သတ်ခဲ့တဲ့ လစ်ဇီရဲ့ ဘိုးဘေးတွေကို အစွပ်စွဲခံရတဲ့ မိသားစုကျိန်စာဟာ နှစ်ပေါင်းများစွာ ခြောက်လှန့်နေခဲ့ပါတယ်။ သေဆုံးခြင်းနှင့် ကံဆိုးသောအခြေအနေများသည် မက်ဆာချူးဆက်ပြည်နယ်၊ Fall River မှာ ပလိပ်ရောဂါလိုပဲ မိသားစုတွေကို ဆက်လက်ခြောက်လှန့်နေခဲ့တာပါ။ ဘော်ဒန်ရဲ့ဆွေမျိုးသားချင်းဖြစ်တဲ့ တာရာက ဒဏ္ဍာရီရဲ့ ကြောက်မက်စရာကောင်းတဲ့ ဇာတ်လမ်းထဲကို ဆွဲသွင်းခံနေရချိန်ဖြစ်ပါတယ်။ ရုတ်တရက် တာရာက အိပ်မက်ဆိုးတွေ မက်ပြီး ထိုနေရာမှာပဲ မရှိသော အသံတွေကို ကြားလိုက်ရပါတယ်။ တာရာရဲ့မိခင်က ကုထုံးနဲ့ကုသဖို့အကြံပြုခဲ့ပြီးတော့ စိတ်ပညာဌာနက အဒေါ်ဖြစ်သူထံ သွားရောက်လည်ပတ်ဖို့ ပြောခဲ့ပါတယ်။ တာရာက လူသတ်ဖို့ တွန်းအားပေးခံရမလား လစ်ဇီက သူမဆီလာပြီးတော့ တကယ်ပဲ တီးတိုးပြောခဲ့တာလား တာရာက အခက်အခဲတွေကို ဖြတ်ကျော်ပြီး အားလုံးကို ကယ်တင်နိုင်ပါ့မလားဆိုတာတွေကို The Inhabitants (2022)မှာ စိတ်၀င်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းဘာသာပြန် နဲ့ အညွှန်းကတော့ La Pyae Aung ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း