ဇာတ်ကားများ ရွေးရန်

Summit Fever

2022ဇာတ်ကားWeb-dl 1080p

ဒီ Summit Fever ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကတော့ 2022 ရဲ့ အောက်တိုဘာလ အတွင်းမှာပဲ လောလောလတ်လတ် ထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကား ကောင်းလေးပဲ ဖြစ်ပါတယ်။ ညီမဖြစ်သူသေဆုံးမှုကြောင့် စိတ်ပင်ပန်းနေချိန်မှာ တောင်တက်ရင်းသာ အချိန်တွေကုန်ဆုံးပြီး ပြန်လည် ကုစားနိုင်ခဲ့တဲ့ အတွက် တောင်တက်ဝါသနာ ကို မစွန့်လွှတ်နိုင်ဘဲ အရာရာကို စွန့်လွှတ်ပြီး ဝါသနာအနောက် လိုက်ခဲ့တဲ့ အခါမှာ။ ခက်ခဲ ၊ ‌ကြမ်းတမ်းလွန်းတဲ့ တောင်တွေကို အဖော်တွေနဲ့ အတူတက်ရင်း ချစ်ရတဲ့သူတွေ တစ်ယောက်ပြီး တစ်ယောက် ‌သေဆုံးမှုတွေ မတော်တဆ မှုတွေကို မျက်စိရှေ့မှာ မြင်လာရတဲ့အခါ ။ ‌အခက်အခဲတွေ ကို အချင်းချင်းကူညီ ရိုင်းပင်းရင်း ဘယ်လို ကျော်ဖြတ်ကြမလဲ။ ကိုယ်ချစ်တဲ့ အလုပ်ကို လုပ်နေရင်း သေဆုံးရတာကို အမြတ်လို့ ယုံကြည်ထားတဲ့ သူတို့အတွက် နောက်ဆုံး အချိန်အထိ ဝါသနာ နောက်ကို လိုက်နိုင်ပါ့မလား။ ဘယ်လိုမျိုး အဆုံးသတ်သွားနိုင်မလဲ ဆိုတာ ကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ‌စွန့်စားမှုတွေ ၊ စိတ်လှုပ်ရှားစရာတွေကို ကြည့်ရတာ ကြိုက်နှစ်သက်တဲ့ သူတွေ အတွက်တော့ လက်မလွတ်တမ်းကြည့်ရှု သင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း