ဇာတ်ကားများ ရွေးရန်

Alluri

2022ဇာတ်ကားWeb-dl 1080p

'အလူရီ'ဆိုတဲ့ဇာတ်ကားကတော့ အိန္ဒိယသမိုင်းကြောင်းမှာရှိခဲ့တဲ့ 'အလူရီ ဆီတာ ရာမ်မရာဂျူး'ရဲ့အတ္ထုပတ္တိကိုရိုက်ကူးထားတာဖြစ်ပါတယ်။ရဲဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ရာမ်ရာဂျူးဟာသာမာန်ရဲဝန်ထမ်းတွေထက် ထူးခြားတဲ့စိတ်ဓာတ်ရှိပြီး အကျင့်ပျက်ခြစားနေတဲ့ရဲမျိုးတွေကိုဆိုမလေးမစားပြုမူတတ်သူတစ်ဦးပါ။ အထက်လူကြီးဆိုရင်လေးစားသမှုနဲ့အလေးပြုရကြောင်း လူတိုင်းနားလည်ပြီးသားဖြစ်ပေမယ့် ရာမ်ရာဂျူးကတော့အထက်လူကြီးရဲ့အကျင့်ပျက်ခြစားမှုတွေကိုအကြောင်းစုံသိထားပြီးသားမို့ အလေးမပြုဘဲနေတတ်သူပါ။ပြည်သူတွေအမြဲအသင့်ရှိနေတဲ့ရာဂျူးဟာ တစ်နေ့မှာတော့ပြည်သူ့အတွက်တာဝန်ထမ်းဆောင်နေရင်း ပါကစ္စတန်အကြမ်းဖက်သမားတွေနဲ့ရင်ဆိုင်ရတဲ့အခြေအနေတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားမသင့်မြတ်မှုတွေရှိနေသည့်ကြားက အခုလိုတည့်တိုးကြုံလာတဲ့အခါပါကစ္စတန်ဘက်ကရာဂျူးကိုအသက်အန္တရာယ်ပြုလာတဲ့အထိဖြစ်လာတဲ့အခါ ရာဂျူးဘယ်လိုဆက်လုပ်မလဲ တာဝန်သိရဲတစ်ယောက်ဖြစ်ဖို့အစွမ်းကုန်ကြိုးစားနိုင်ပါ့မလားဆိုတာကို ပုံပြင်ဖတ်နေရသလိုခံစားချက်မျိုးနဲ့အချစ်အကြောင်းအနည်းအကျဥ်းရောထွေးပါဝင်သည့် အတ္ထုပတ္တိဇာတ်လမ်းငယ်ကိုအခုလိုပဲ ညွှန်းပေးလိုက်ရပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း