ဇာတ်ကားများ ရွေးရန်

Ammu

2022ဇာတ်ကားWeb-dl 1080p

အသက်နှစ်ဆယ့်ငါးနှစ်အရွယ် 'အမ်မူး'ဆိုသူဟာ အသက်အရအိမ်ထောင်ပြုရမယ့်အရွယ်ဖြစ်ပြီမို့ အိမ်ကမိဘတွေက'အမ်မူး'ကိုဘေးချင်းကပ်အိမ်က အိမ်နီးနားချင်းရဲ့သားနဲ့မင်္ဂလာဆောင်ပေးခဲ့ပါတယ်။ 'အမ်မူး'နဲ့အဲ့အမျိုးသားနဲ့ကအရင်ကလည်းမသိကျွမ်းခဲ့ဖူးဘဲ အိမ်နားမှာနေတဲ့သူတစ်ယောက်ဖြစ်ရုံပါ။အမ်မူးတစ်ယောက်အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သူ့ခင်ပွန်းရာဗီးဆိုသူနဲ့ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ တစ်နေ့မှာတော့ရာဗီးဟာအကြောင်းကိစ္စတစ်ခုအပေါ် ဒေါသထွက်လာပြီးစိတ်မကြည်မလင်ဖြစ်နေခဲ့ပါတယ်။ထိုနေ့မှအမှားလုပ်မိသူ 'အမ်မူး'ကဓားစာခံဖြစ်သွားခဲ့ပြီး 'ရာဗီး'ကသူ့ကိုလက်ပါမိသွားခဲ့ပါတယ်။အရိုက်ခံရတာမျိုးကိုကြုံတွေ့ပြီးနောက်ပိုင်း 'အမ်မူး'တစ်ယောက်ယောင်္ကျားဖြစ်သူကို ထိတ်လန့်လာကာ တဖြေးဖြေးစိုးရိမ်စိတ်ဝင်လာခဲ့ပါတယ်။ သူအခုလိုဖြစ်နေကြောင့်အမေဖြစ်သူနဲ့တိုင်ပင်ကြည့်ရင်း ယောင်္ကျားကအလုပ်လုပ်ရတဲ့အတွက်ပင်ပန်းလို့ ပုံချစရာသူတို့မိန်းမတွေပဲရှိတာမို့ အခုလိုဖြစ်တာလို့သူ့အဖွားကပြောခဲ့ပါတယ်တဲ့။အိမ်ထောင်ကျရင်တကယ်ပဲ မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေဒေါသပုံကျရာနေရာတစ်ခုအဖြစ် ​ငြိမ်နေပေးသင့်တာလား ဒါမှမဟုတ်ငြိမ်မခံဘဲကိုယ်ပျော်ဖို့ကြိုးစားရုန်းကန်သင့်လား။ အချစ်, အိမ်ထောင်ရေးအပြင်တခြားရသစုံလည်းပါဝင်သေးတာမို့ အိမ်တွင်းအကြမ်းဖက်မှုလိုဇာတ်လမ်းမျိုးသွားတဲ့ 'အမ်မူး'ဆိုတဲ့အိန္ဒိယအမျိုးသမီးတစ်ယောက်အကြောင်းကိုစိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ရန် အခုလိုပဲ ညွှန်းပေးလိုက်ရပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း