ဇာတ်ကားများ ရွေးရန်

Ante Sundaraniki

2022ဇာတ်ကားWeb-dl 1080p

ဆန်ဒါနဲ့ လီလာဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပြီး အကြောင်းတစ်ခုခုကြောင့် ကွဲကွာသွားခဲ့ကြပါတယ်။သူတို့နှစ်ဦး ပြန်တွေ့ဖို့အကြောင်းဖန်လာချိန်မှာတော့ လီလာ့မှာ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ လူတစ်ယောက် ရှိနေခဲ့ပါတယ်။ဒါပေမယ့် လီလာနဲ့အဲ့လူနဲ့ကြားမှာ ပြဿနာတစ်ခုကြောင့် လမ်းခွဲပြီး ဆန်ဒါနဲ့တွဲခဲ့ပါတယ်။ ဆန်ဒါက ဟိန္ဒူဘာသာဝင်ဖြစ်ပြီး လီလာက ခရစ်ယာန်လူမျိုး ဖြစ်တဲ့အတွက်ကြောင့်မလို့ သူတို့နှစ်ဦးကို နှစ်ဖက် မိဘတွေက သဘောမတူမှာစိုးလို့ အလိမ်အညာတွေ ဖန်တီးယူခဲ့ကြတယ်။ လီယာမှာ ကိုယ်ဝန်ရှိနေတယ်လို့ ပြောပြီး ဆန်ဒါကတော့ ကလေးမရနိုင်တဲ့ ယောက်ျားတစ်ဦးဆိုပြီး ကိုယ်စီလိမ်ပြောခဲ့ပါတယ်။ ဘာသာမတူပဲချစ်တဲ့စိတ်တစ်ခုတည်းနဲ့သာလက်ထပ်ချင်ကြတဲ့သူတို့နှစ်ယောက်ဟာ ဒီလိုလိမ်ညာမှုအကြီးစားကြီးကိုတကယ်ပဲ အမှန်တရားကိုမပေါ်စေပဲနဲ့လက်ထပ်သွားနိုင်ပါ့မလား ဒါမှမဟုတ် အမှန်တရားဆိုတာတစ်နေ့ပေါ်တယ်ဆိုတဲ့အတိုင်းပေါ်လာလိမ့်မလား တွေးဆဆနဲ့ကြည့်ရှုရမယ့်ကားလေးပါ။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း