ဇာတ်ကားများ ရွေးရန်

Ticket to Paradise

2022ဇာတ်ကားWeb-dl 1080p

အိမ်ထောင်သက်၅နှစ်အကြာမှာ စိတ်သဘောထားမတိုက်ဆိုင်မှုတွေကြောင့်ကွာရှင်းခဲ့ကြတဲ့ ဒေးဗစ်နဲ့ဂျော်ဂျာတို့ဟာ သမီးဖြစ်သူလီလီကိုတော့ သူတို့ဖြစ်စေချင်တဲ့အတိုင်းရှေ့နေတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ဘွဲ့ရပြီးနောက်နေ့မှာတော့ လီလီက ဘာလီကျွန်းမှာအပန်းသွားဖြေရင်း ဘီလီကျွန်းသားဂီဒေးနဲ့တွေ့ပြီး လက်ထပ်ဖြစ်တဲ့အထိချစ်သွားခဲ့ကြပါတယ်။ သမီးဖြစ်သူလက်ထပ်တော့မဲ့အကြောင်းကိုကြားလိုက်ရတာနဲ့ တွေ့တာနဲ့ရန်ဖြစ်တတ်တဲ့ဒေးဗစ်နဲ့ဂျော်ဂျာတို့ ဘာလီကျွန်းအထိလိုက်သွားကြပါတော့တယ်။ လက်ထပ်ခြင်းရဲ့အဆုံးက ကွာရှင်းပြတ်စဲခြင်းလို့ခံယူထားတဲ့မိဘနှစ်ပါးက သမီးဖြစ်သူကိုလက်မထပ်ဖြစ်အောင်လုပ်ပြီး ပြန်ခေါ်လာဖို့ တိုင်ပင်ထားကြတာပေါ့။ သူတို့တိုင်ပင်ထားတဲ့အတိုင်းဖြစ်လာပါ့မလား။ မိဘမေတ္တာကိုဖော်ကျူးပြထားသလို လူငယ်တွေရဲ့လွတ်လပ်မှုကိုရိုက်ကူးပြထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ ဘာလီကျွန်းရဲ့ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ရှုခင်း တွေကိုကြည့်ရှုကြရမှာဖြစ်ပြီး ဘာလီလူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုတွေကိုလည်း ကြည့်ရှုကြရမှာပါ။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း