ဇာတ်ကားများ ရွေးရန်

I'm Totally Fine

2022ဇာတ်ကားWeb-dl 1080p

ဂျနီဖာနဲ့ဗနက်ဆာကတစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ပါတယ်။ဒါပေမယ့်ဂျနီဖာတစ်ယောက်ဆုံးပါးသွားတဲ့အချိန်မှာဗနက်ဆာတစ်ယောက်အထီးကျန်ဝမ်းနည်းစွာနဲ့တစ်ယောက်တည်းကျန်ခဲ့ရပါတော့တယ်။သူမရဲ့နေ့ရက်တွေကမလှပတော့သလိုသူငယ်ချင်းဖြစ်သူဆုံးပါးသွားတဲ့အတွက်ခက်ခဲတဲ့အချိန်တွေကိုဖြတ်သန်းနေရတာဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့ကျတော့သူမရဲ့ရှေ့မှာဂျနီဖာကဝုန်းဒိုင်းကြီးပေါ်လာခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒါကဂျနီဖာမဟုတ်ပါဘူး။ဂျနီဖာရဲ့ပုံစံကိုယူထားတဲ့တခြားဂြိုလ်ပေါ်ကဂြိုလ်သားတစ်ယောက်ပဲဖြစ်ပါတယ်။သူဒီကမ္ဘာမြေကိုလာတာကလူသားမျိုးစိတ်ရဲ့အကြောင်းကိုလေ့လာဖို့ဖြစ်ပြီးသဘောတူတယ်ဆိုရင်သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ဂျနီဖာနဲ့နှစ်ရက်အတူတူအချိန်ကုန်ဆုံးရမယ်လို့အပေးအယူလုပ်ခဲ့ပါတယ်။ဗနက်ဆာတစ်ယောက်ကြောက်ကြောက်လန့်လန့်နဲ့ဂျနီဖာပုံတူပွားထားတဲ့ဂြိုလ်သားနဲ့အတူတူနှစ်ရက်တာကိုဘယ်လိုအတူတူဖြတ်သန်းကြမလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း