Kantara
အင်ပါယာကြီးကို ပိုင်ဆိုင်တဲ့ ဘုရင်တစ်ပါးက စိတ်ငြိမ်းချမ်းမှုကို ရရှိနိုင်ဖို့အတွက် မိခင်တစ်ပါးလို ကာကွယ်ပေးပြီး ဦးလေးတစ်ယောက်လို စောင့်ရှောက်ပေးနိုင်တဲ့ ကျောက်တုံးတစ်တုံးကို နန်းတော်ထဲ ဆောင်ယူခဲ့ပါတယ်။ ဒီပန်ဂျူလီနတ်ဘုရားကတော့ ရွာတစ်ရွာကို စောင့်ရှောက်ပေးနေတဲ့အတွက်ကြောင့် နန်းတော်ကို ယူလာတဲ့အတွက် နတ်ဘုရားရဲ့ ရွာသားတွေကို နယ်မြေပေးရမယ်ဆိုပြီးအပေးအယူလုပ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့ ဘုရင်ကြီးရဲ့ မျိုးဆက်တစ်စုက မြေတွေကို ရွာသားတွေဆီက ပြန်ယူဖို့ ကြံစည်ခဲ့ပါတယ်။ အဲ့အချိန်မှာ အစိုးရကလည်း သစ်တောထဲမှာ နေထိုင်တဲ့သူတွေကို ပိုင်နက်ကျူးကျော်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒီလိုသာဆိုရင် ရွာသားဖြစ်သူတွေကကော သူတို့နယ်မြေကို ဘယ်လို ကာကွယ်မလဲ။ မြေပိုင်ရှင်တွေကကော နတ်ဘုရားနဲ့ ကတိကဝတ်ကို ဖယ်ရှားတဲ့အတွက် ဘာတွေဖြစ်မလဲ ။ အစိုးရကကော ဘယ်လို ပါဝင်ပတ်သက်နေမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း