ဇာတ်ကားများ ရွေးရန်

Chup: Revenge Of The Artist

2022ဇာတ်ကားအမှတ် 8/10Web-dl 1080p

ဒီဇာတ်ကားလေးမှာတော့မှုခင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဇာတ်ကွက်တွေကိုရင်ခုန်ဖွယ်မြင်တွေ့ရမှာဖြစ်ပြီး ထင်မှတ်မထားတဲ့လှည့်ကွက်တွေနဲ့ စိတ်လှုပ်ရှားစရာဇာတ်ကွက်တွေအပြင်ရုပ်ရှင်အကြောင်းအရာများလည်း ရောယှက်ပါဝင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ နီတင်းဆိုတဲ့ရုပ်ရှင်ဝေဖန်ရေးသမားတစ်ဦးကိုသူ့အမျိုးသမီးက အိမ်မှာသေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။တခြားအရာတွေထက် ဒီလူသေမှုကိုထူးခြားစေတာက လူသတ်သမား လူသေအလောင်းပေါ်ထွင်းထားခဲ့တဲ့နဖူးပေါ်ကကြယ်ပွင့်များနဲ့ သေသပ်လှတဲ့ ဓားနဲ့လှီးဖြတ်ရာများ ခန္ဓာကိုယ်အနှံ့ရှိနေခြင်းပါပဲ။ လူသတ်မှုကိုစုံစမ်းနေကျရဲမှုးက တမင်ကစားကာလိုက်သတ်နေသည့် လူသတ်မှုကိုတရားခံပေါ်အောင်ကြိုးစားရင်း လူသတ်တရားခံကို တကယ်ပဲဖမ်းမိနိုင်မလား။ဒီလိုလိုက်သတ်နေရတဲ့အကြောင်းအရင်းကရောဘာများလဲ။ နဖူးပေါ်ကကြယ်တွေရဲ့နောက်ကွယ်ကရော ဘယ်လိုစိတ်ဝင်စားစရာ အကြောင်းအရင်းမျိုးရှိနေမလဲဆိုတာကို ရင်တထိတ်ထိတ်နှင့်ကြည့်ရှုရမှာဖြစ်ပါတယ်။ရက်စက်စွာသတ်ဖြတ်သည့်အခန်းများပါဝင်တာမို့ ကလေးငယ်များနှင့်နှလုံးရောဂါအခံရှိသူများ ကြည့်ရှုရန်မသင့်တော်ပါ။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း