ဇာတ်ကားများ ရွေးရန်

6/45

2022ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ကိုရီးယားရဲ့နာမည်ကျော်မင်းသား မင်းသမီးများပါဝင်သရုပ်ဆောင်ထားတဲ့ 6/45 ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ 6/45ဆိုတာကတော့ တောင်ကိုရီးယားရဲ့ထီလက်မှတ်ဖြစ်ပြီး အဲဒီထီလက်မှတ်လေးဟာ လေလွင့်ရာအတိုင်းပါသွားပြီး တောင်မြောက်နယ်စပ်စခန်းမှာ တာဝန်ကျနေတဲ့ တောင်ပိုင်းတပ်ကြပ်ကြီးဘတ်ချွန်းဝူဆီကိုရောက်လာခဲ့ပါတယ်။ ဖြစ်ချင်တော့အဲဒီထီလက်မှတ်ဟာ သန်းပေါင်းများစွာဆုကြေးရှိတဲ့ ပေါက်မဲလက်မှတ်ဖြစ်နေပါတယ်။ ဒါကိုတပ်ကြပ်ကြီးဘတ်ချွန်းဝူသိသွားတဲ့အခါ ငိုမလိုရယ်မလိုနဲ့အပျော်ကြီးပျော်နေတုန်း လေနဲ့ထပ်ပြီးလွင့်သွားပြန်ပါတယ်။ ထီလက်မှတ်လေးဟာ တောင်မြောက်နယ်နိမိတ်စည်းကိုကျော်ပြီး မြောက်ကိုရီးယားနယ်မြေထဲက မြောက်ပိုင်းစစ်သားလီယုံးဟိုလက်ထဲရောက်သွားပြန်ပါတယ်။ ထီလက်မှတ်ရဲ့ဆုကြေးငွေကိုပိုင်ဆိုင်ခွင့်ရဖို့ တောင်မြောက်နှစ်နိုင်ငံအကြား ဘယ်လိုပဋိပက္ခတွေဖြစ်လာမလဲ။ ဒါမှမဟုတ် ပူးပေါင်းသွားကြမလား။ နိုင်ငံလှည့်နေတဲ့ထီလက်မှတ်လေးကရော ဘယ်နေရာမှာအဆုံးသတ်သွားမလဲ။ ထီလက်မှတ်အရှုပ်တော်ပုံကို ရယ်စရာဟာသလေးတွေနဲ့ ကြည့်ရှုကြမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း