ဇာတ်ကားများ ရွေးရန်

Christmas Ransom

2022ဇာတ်ကားWeb-dl 1080p

ခရစ်စမတ်မှာပျော်ပျော်ပါးပါးကြည့်ပြီးတော့ရယ်မောနေရမဲ့ကားလေးတစ်ကားလာပါပြီ။ဒီကားလေးရဲ့အစမှာဟယ်ရင်တန်လို့ခေါ်တဲ့မိသားစုကကမ္ဘာပေါ်မှာအကောင်းဆုံးအရုပ်ဆိုင်ကြီးကိုပိုင်ဆိုင်ထားပါတယ်။ခရစ်စမတ်အချိန်မှာဆိုရင်ကလေးတွေကဒီအရုပ်ဆိုင်ကိုကမ္ဘာအနှံ့ကနေတောင်လာရတဲ့အထိကောင်းတဲ့အရုပ်ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။အဲ့ဒီဆိုင်ရှင်ဖြစ်တဲ့မစ္စတာဟယ်ရင်တန်ဆုံးပါးသွားတဲ့အခါမှာတော့သူ့ရဲ့သားဖြစ်သူဒဲရစ်ဟယ်ရင်တန်ကအဲ့ဒီအရုပ်ဆိုင်ကိုအမွေဆက်ခံခဲ့ပါတယ်။ဒီလိုနဲ့ခရစ်စမတ်အကြိုညတစ်ညဆိုင်သိမ်းနေတဲ့အချိန်မှာဟယ်ရင်တန်အရုပ်ဆိုင်မှာမစ္စတာဟယ်ရင်တန်ကိုဖမ်းပြီးတော့သူ့ရဲ့ညီမဖြစ်သူကိုပြန်ပေးငွေတောင်းတဲ့သူနှစ်ယောက်ရောက်လာပါတော့တယ်။ဒါပေမယ့်ဖြစ်ချင်တော့မစ္စတာဟယ်ရင်တန်တစ်ယောက်တည်းဆိုင်မှာရှိနေတာမဟုတ်ပဲတခြားဝန်ထမ်းတွေပါရှိနေခဲ့ပါတယ်။ဒီလိုနဲ့သူတို့ပြန်ပေးငွေတောင်းနေတဲ့အချိန်မှာဖြစ်လာတဲ့အလွဲတွေကိုရယ်မောဖွယ်ရာကြည့်ရှူရမဲ့ကားလေးဖြစ်ပါတယ်။လူဆိုးတွေကရောသူတို့လိုချင်နေတဲ့ပြန်ပေးငွေကိုရသွားမလား အဲ့ဒီပြန်ပေးငွေတောင်းတဲ့နောက်ကွယ်မှာရောဘယ်လိုကြီးမားတဲ့လျှို့ဝှက်ချက်တွေကိုကြည့်ရှူရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း