Freddy
ဖရက်ဒီဆိုတဲ့သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဟာ သွားဆရာဝန်အဖြစ်အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ပါတယ်။သက်လတ်ပိုင်းအရွယ်သာရောက်လာခဲ့သော်လည်း Dating ဝက်ဘ်ဆိုက်တစ်ခုမှာရည်းစား ရှာနေခဲ့တာ ငါးနှစ်လောက်အချိန်ရှိခဲ့ပေမယ့် ကောင်မလေးတစ်ယောက်မှမရသေးတာမို့ ဘဝကိုအထီးကျန်စွာပဲ ဆက်ရှင်သန်နေခဲ့ရပါတယ်။ တစ်နေ့မှာတော့ အဒေါ်ဖြစ်သူနဲ့မင်္ဂလာပွဲတစ်ပွဲကိုသွားရင်း ကိုင်နာ့ဇ်ဆိုတဲ့ မိန်းကလေးကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပါတယ်။ရေလာမြောင်းပေးလုပ်နေကြပြီး ကောင်မလေးကအိမ်ထောင်ကျပြီးသားအမျိုးသမီးတစ်ယောက်မှန်း ဖရက်ဒီသိသွားခဲ့ပေမယ့် ကောင်မလေးကိုတော့ အချစ်မပျက်ခဲ့ပါဘူး။ ဖရက်ဒီဟာပထမဆုံးချစ်မိသွားတဲ့မိန်းကလေးအတွက် နှစ်ယောက်တစ်ကမ္ဘာတည်ဆောက်နိုင်ဖို့ မလုပ်သင့်တဲ့လုပ်ရပ်တွေအထိကျူး လွန်ပြီးခါမှ ကိုင်နာ့ဇ်ကသူ့ကိုလှည့်စားခဲ့တာမှန်း သိလိုက်ရတဲ့အခါ အချစ်အတွက်နဲ့ရူးမိုက်ခဲ့မိတဲ့ကိုယ့်ကိုယ်ကိုအပြစ်တင်မလား ဒါမှမဟုတ် ဒီလောက်ချစ်ခဲ့တာကိုသစ္စာဖောက်ရက်တဲ့ ကိုင်နာ့ဇ်ကို ကလဲ့စားချေမလား။ဖရက်ဒီရဲ့ရွေးချယ်မှုက ဘယ်တစ်ခုဖြစ်မလဲဆိုတာကို လိုက်ပါကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း