Running Turtle
ဒီကားလေးကတော့ ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ အက်ရှင်ဒရာမာလေးပါ။ နယ်မြို့လေးတစ်မြို့က စုံထောက်တစ်ယောက်ဖြစ်တဲ့ ဂျိုဖီဆောင်းဟာ နွမ်းပါးတဲ့မိသားစုအတွက် ရုန်းကန်နေရသူပါ။ မိသားစုစားဝတ်နေရေးအတွက် အကျင့်ပျက်တဲ့လုပ်ရပ်တွေ လုပ်ရတဲ့အခါလည်း ရှိပါတယ်။ တစ်နေ့ တရားခံစစ်မေးရင်း အမှားလုပ်မိသွားတာကြောင့် ရာထူးကနေ သုံးလရပ်ဆိုင်းခံလိုက်ရတော့တယ်။ ဒီလိုနဲ့ ကြပ်တည်းနေတဲ့ မိသားစုအတွက် ကြံရာမရဖြစ်ရာကနေ ဇနီးဖြစ်သူ စုဆောင်းထားတဲ့ ငွေတွေအားလုံးကို နွားရိုင်းဝှေ့ပွဲမှာ သွားလောင်းလိုက်ပါလေရော။ ကံကောင်းထောက်မလို့ နွားပွဲမှာ နိုင်သွားခဲ့ပေမယ့် သူအနိုင်ရခဲ့တဲ့ လောင်းကြေးငွေတွေကို ဝရမ်းပြေးအကြီးစားတစ်ယောက်က လုယူသွားတဲ့အခါ... ဂျိုဖီဆောင်းတစ်ယောက် သူ့ရဲ့ငွေတွေ ပြန်ရအောင် လုပ်နိုင်ပါ့မလား၊ ဝရမ်းပြေးနဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို Running Turtle ဆိုတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း