ဇာတ်ကားများ ရွေးရန်

Finnick

2022ဇာတ်ကားWeb-dl 1080p

ကမ္ဘာကြီးထဲကအိမ်တိုင်းမှာဖင်းဆိုတဲ့ကောင်လေးတွေရှိတယ်ဆိုတာကိုသင်သိပါသလား။သူတို့ကပြောရရင်အိမ်ကိုစောင့်ရှောက်ပေးတဲ့အိမ်စောင့်နတ်တွေလိုပါပဲ။ဒါပေမယ့်သူတို့ကအရာဝတ္ထုတွေကိုထိတွေ့လို့ရတဲ့အတွက်အိမ်ကိုသန့်ရှင်းအောင်အမြဲနွေးထွေးအောင်လုပ်ပေးတဲ့အကောင်လေးတွေဖြစ်ပါတယ်။ပြီးတော့သူတို့ကိုလူတွေကလဲမမြင်ရပါဘူး။ဘာလို့လဲဆိုတော့ဖင်းတွေကိုလူတွေမမြင်စေရဘူးဆိုတဲ့စည်းမျဉ်းရှိလို့ပါ။အဲ့ဒီလိုအိမ်တိုင်းကိုသာယာအောင်လုပ်ပေးနေတဲ့ဖင်းတွေကြားထဲမှာတစ်ကောင်တည်းကွဲပြားပြီးဆိုးသွမ်းနေတဲ့ ဖင်းနစ်ဆိုတဲ့ဖင်းတစ်ကောင်လဲရှိပါတယ်။သူကသူ့အိမ်ကိုလာတဲ့သူတိုင်းကိုခြောက်လန့်မောင်းထုတ်တတ်ပြီးဘယ်မိသားစုမှအဲ့ဒီအိမ်မှာကြာကြာမနေနိုင်ပါဘူး။တစ်နေ့တော့သူတို့အိမ်ကိုခရစ္စတင်းဆိုတဲ့ကောင်မလေးရဲ့မိသားစုရောက်လာခဲ့ပါတယ်။ခရစ္စတင်းကတခြားကလေးတွေလိုမဟုတ်ပဲ စုံထောက်လုပ်ရတာကိုအရမ်းရူးသွပ်ပြီး ဉာဏ်လဲအရမ်းထက်မြက်တဲ့ကောင်မလေးဖြစ်ပါတယ်။ဒီတော့ဖင်းနစ်ကထုံးစံအတိုင်းခရစ္စတင်းကိုခြောက်လန့်ခဲ့ပေမဲ့ သူမကမကြောက်ခဲ့တဲ့အပြင်သူတို့ကသူငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာတိုက်ဆိုင်ချင်တော့သူတို့မြို့မှာဆိုးသွမ်းလွန်းတဲ့ဒုစရိုက်မှုတွေကိုလိုက်လုပ်နေတဲ့လူဆိုးတစ်ယောက်ရှိနေခဲ့ပါတယ်။ဒီတော့ခရစ္စတင်းနဲ့ဖင်းနစ်တို့နှစ်ယောက်မတည့်အတူနေဘယ်လိုပူးပေါင်းပြီးအဲ့ဒီလူဆိုးကိုဘယ်လိုဖော်ထုတ်မလဲဆိုတာကိုကြည့်ရှူရမဲ့ကာတွန်းကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း