ဇာတ်ကားများ ရွေးရန်

The Chalk Line

2022ဇာတ်ကားWeb-dl 1080p

ပေါ်လာတို့လင်မယားက ကလေးရဖို့အတွက် ကြိုးစားနေကြတဲ့သူတွေပါ။ တရက်မှာ လမ်းပေါ်မှာ ကလေးတယောက်နဲ့တွေ့ခဲ့တယ်။ အဲဒီကလေးက အသက်ခြောက်နှစ်အရွယ် ကောင်မလေးတယောက်။ ကျန်းမာရေးလည်း သိပ်မကောင်းရှာဘူး။ စကားလည်းမပြောတတ်ဘူး။ သူ့မိဘတွေ ဘယ်မှာနေမှန်းလည်း မသိဘူး။ ဒါကြောင့် လောလောဆယ် ပေါ်လာတို့အိမ်မှာ ခေါ်ထားလိုက်တယ်။ ထူးဆန်းတာက ကလေးမလေးက မြေဖြူစည်းတားထားတဲ့နေရာအတွင်းမှာပဲ နေတယ်။ အဲဒီစည်းအပြင်ကို ဘယ်တော့မှမထွက်ဘူး။ အဲလိုထူးဆန်းတဲ့တချို့ကိစ္စလေးတွေရှိတာကလွဲလို့ သူဟာပေါ်လာတို့လင်မယားနဲ့နေရတာ ပျော်ရွှင်နေတယ်။ ဒါပေမဲ့ တရက် ပေါ်လာရဲ့သူငယ်ချင်းက ပေါ်လာတို့ဆီ အလည်လာရင်း မနက်စာအတူစားကြတယ်။ သူစားလိုက်တဲ့ယိုထဲမှာ ဖန်ကွဲစတွေပါနေတယ်။ ဒါပေါ်လာက အမှုမဲ့အမှတ်မဲ့ပဲ ထားလိုက်တယ်။ ဒါပေမဲ့ ဒီတခါတော့ ပေါ်လာစားတဲ့ အစားအစာမှာပါ ဖန်ကွဲစပါလာခဲ့တယ်။ ပေါ်လာအရမ်းလန့်သွားပြီး ရေချိုးခန်းထဲပြေးသွားခဲ့တယ်။ သူပြန်ထွက်လာတဲ့အချိန်မှာ ကလေးမလေး မရှိတော့ဘူး။ ကလေးမလေး ဘယ်ရောက်သွားတာလဲ...ဘာတွေဖြစ်နေတာလဲဆိုတာကို ဆက်ပြီးတော့ ကြည့်ရှူခံစားလိုက်ပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Marip Pan ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း