ဇာတ်ကားများ ရွေးရန်

Twin Dragons

1992ဇာတ်ကားBlu-Ray 1080p

အမြွှာတွေအဖြစ်နဲ့မွေးလာခဲ့ကြတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ မွေးပြီးပြီးချင်းဆေးရုံမှာတင် ရုန်းရင်းဆန်ခတ်ဖြစ်တာတွေကြောင့် တစ်ကွဲတစ်ပြားစီဖြစ်ခဲ့ကြပါတယ်။ မိဘဖြစ်သူတွေက ပျောက်သွားတဲ့သားတစ်ယောက်ရှာကြပေမဲ့ မတွေ့ခဲ့ကြပါဘူး။ မိဘရင်းတွေလက်ထဲမှာ အချစ်ခံရင်းကြီးပြင်းလာခဲ့တဲ့ ဂျွန်မာကတော့ ကမ္ဘာကျော်ဂီတမှူးဖြစ်လာပေမဲ့ အရက်သမားမိန်းမတစ်ယောက်ဆီမှာမွေးစားခံခဲ့ရတဲ့ဘွန်မာကတော့ ကြမ်းကြမ်းတမ်းတမ်းကြီးပြင်းလာရပြီး လူဆိုးတွေရဲ့ပစ်မှတ်ထားတာကိုခံနေရတဲ့သူဖြစ်လာပါတယ်။ ရုပ်ချင်းဆင်မှုတွေကြောင့် ကမ္ဘာကျော်ဂီတမှူးနဲ့ ဆိုးပေတေဘွန်မာတို့ လူချင်းမှားပြီး ဘယ်လိုအရှုပ်အထွေးတွေဖြစ်လာမလဲ။ ကိုယ်နဲ့တစ်ပုံစံတည်းတူတဲ့သူကိုတွေ့လိုက်ရတဲ့သူတို့ညီအစ်ကိုနှစ်ယောက်ကရော ဘယ်လိုတုံ့ပြန်မှုတွေဖြစ်လာမလဲဆိုတာကိုဟာသခန်းတွေနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း