ဇာတ်ကားများ ရွေးရန်

Tune in for Love

2019ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ Kim Go Eun နဲ့ Jung Hae In တို့ရဲ့ အချစ်ဒရာမာဇာတ်ကားလေးပါ။ ၁၉၉၄ခုနှစ်ရဲ့ တစ်ခုသောနေ့မှာ စတင်တွေ့ဆုံခဲ့ကြတဲ့ ထိန်းသိမ်းပြုပြင်ရေးစခန်းက လွတ်မြောက်လာသူ ဟျွန်းဝူ (Jung Hae In) နဲ့ မီဆူ (Kim Go Eun). တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ယူယောဆိုတဲ့ အဆိုတော်တစ်ယောက် ရေဒီယိုအစီအစဥ်တစ်ခုကို ပထမဆုံး စတင်တင်ဆက်ထားတဲ့နေ့ ဖြစ်နေခဲ့ပြန်တယ်။ မီဆူက အစ်မအရင်းလိုဖြစ်နေသူ အွန်းဂျာနဲ့အတူ ပေါင်မုန့်ဆိုင်လေးဖွင့်ထားတာဖြစ်ပြီး နောက်ပိုင်းမှာ ဟျွန်းဝူက မီဆူတို့ပေါင်မုန့်ဆိုင်မှာ အချိန်ပိုင်းအလုပ် ဝင်လုပ်ခဲ့တယ်။ အစပိုင်းမှာ မီဆူက ဟျွန်းဝူကို ကြောက်သလိုလိုရှိခဲ့ပေမယ့် တဖြည်းဖြည်း ရင်းနှီးလာကြတဲ့အခါ သူတို့နှစ်ယောက်ကြားမှာ ခံစားချက်တွေဖြစ်လာကြတော့တယ်။ ဒါပေမဲ့ ဟျွန်းဝူက အတိတ်မှာဖြစ်ခဲ့တဲ့ မတော်တဆမှုကြောင့် သေရာပါမယ့် အပြစ်ရှိစိတ်ကို ခံစားနေရသူဖြစ်ပြီးတော့ အဲဒီအကြောင်း မီဆူတို့ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောပြခြင်းမရှိခဲ့ပါဘူး။ ဟျွန်းဝူရဲ့ မပွင့်လင်းမှုကြောင့် ဘယ်လိုပြဿနာတွေရှိလာမှာလဲ။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကရော သာယာဖြောင့်ဖြူးပါ့မလား။ နှစ်ဦးသားစတွေ့တဲ့နေ့မှာ စတင်ခဲ့တဲ့ ရေဒီယိုအစီအစဥ်လေးကို အကြောင်းပြုပြီး နောက်ခံသီချင်းအေးအေးလေးတွေနဲ့ ငြိမ်ငြိမ်လေး ဆွဲခေါ်သွားမယ့် Tune In for Love ဆိုတဲ့ ဇာတ်လမ်းလေးကို M Sub Movie မှာ ခံစားကြည့်ရှုနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း