Uunchai
ဒီကားလေးကတော့ သူငယ်ချင်းတွေရဲ့သံယောစဉ်ချစ်မေတ္တာအကြောင်းကို ဖော်ကျူးထားတာပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေကသာ စိတ်ရဲ့ခွန်အားပေးရာဖြစ်ပြီး ကိုယ်ဒုက္ခရောက်နေရင်တောင် သူငယ်ချင်းဖြစ်သူရဲ့ဆန္ဒကို ဖြည့်ဆည်းပေးကြတဲ့သူတွေ။ ဖိုးဖိုးဖွားဖွား အရွယ်ရောက်မှ အဲဗားရက်တောင်ကို တက်ပြီး သူငယ်ချင်းဘူပန်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်ပေမယ့် ဒီအသက်အရွယ်ဆို အိမ်မှာပဲ ထိုင်နေတာ အကောင်းဆုံးလို့ ပြောတဲ့သူတွေကို " မဟတ္တမဂန္ဒီကကော အသက် 77နှစ်ရောက်မှ အိန္ဒိယပြည်ကြီးလွတ်လပ်ရေးရအောင်လုပ်ပေးနိုင်ခဲ့တာ အိမ်မှာပဲထိုင်နေရင် လွတ်လပ်ရေးမရနိုင်ဘူး" ဆိုပြီး ပြောပြီး အသက်အရွယ်ကြီးတဲ့သူတွေကလည်း သူတို့စိတ်ဆန္ဒရှိတာကို လုပ်နိုင်တဲ့အကြောင်း။ မိဘတွေနဲ့သားသမီးတွေကြားက သဘောထားကွဲလွဲမှုတွေကို ဖော်ပြထားတဲ့အတွက် သူငယ်ချင်းတွေ မိသားစုတွေနဲ့အတူကြည့်ရင် အချင်းချင်းကြား နားလည်မှုတွေ ဖြစ်ထွန်းလာစေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း