ဇာတ်ကားများ ရွေးရန်

Limit

2022ဇာတ်ကားWeb-dl 1080p

ဒီကားလေးကတော့ ၂၀၂၂ခုနှစ် ၈လပိုင်းမှာ ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းလေးပါ။ ယွန်းဆိုအွန်းက သားဖြစ်သူကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေတဲ့ ရဲအရာရှိတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့သား တက်ရောက်နေတဲ့ မူလတန်းကျောင်းက ကလေးမလေးတစ်ယောက် ပြန်ပေးဆွဲခံလိုက်ရပြီး ဆိုအွန်းက အဲဒီကလေးမလေးရဲ့ အမေအဖြစ်ဟန်ဆောင်ရင်း ပြန်ပေးဆွဲသူနဲ့ ညှိနှိုင်းရဖို့ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အဲဒီအမှုနောက်လိုက်နေစဥ်အတွင်းမှာပဲ ဆိုအွန်းရဲ့သားလေးပါ ပြန်ပေးဆွဲခံလိုက်ရပြန်တယ်။ ဆိုအွန်းတစ်ယောက် ပြန်ပေးဆွဲသူနောက်လိုက်ရင်း ဒါက သာမန်ပြန်ပေးဆွဲမှုသက်သက် မဟုတ်ဘူးဆိုတာကို သိလိုက်ရတဲ့အခါ... ပြန်ပေးဆွဲသူနောက်လိုက်ရင်း ဆိုအွန်းတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ၊ ဇာတ်လမ်းမှာ ဘယ်လိုလှည့်ကွက်တွေ ရှိလာမလဲဆိုတာကို Limit ဆိုတဲ့ ဇာတ်လမ်းလေးမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း