ဇာတ်ကားများ ရွေးရန်

India Lockdown

2022ဇာတ်ကားWeb-dl 1080p

(18+ အခန်းများပါတဲ့ အတွက် ကလေးငယ်များကြည့်ဖို့ မသင့်တော်ပါ။) ဒီဇာတ်လမ်းလေးကတော့ COVID-19 ကြောင့် Lockdown ချမှတ်လိုက်တဲ့အခါမှာ ပြိုလဲသွားသော အခြေခံလူတန်းစားတွေရဲ့ ဘဝအခြေအနေတွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ လူတစ်ချို့က မိသားစုတွေနဲ့ မတွေ့ရတဲ့အတွက် စိတ်ညစ်နေပြီး ချစ်သူတွေ မတွေ့ရလို့ စိတ်ညစ်ကြတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဈေးကွက်ထဲက အခြေခံလူတန်းစားဖြစ်တဲ့ မက်ဟာတို့ မိသားစုကလည်း ရောဂါပိုးကြောင့် အပြင်ထွက်ပြီး စီးပွားမရှာနိုင်တော့တဲ့ အတွက် ရွာကို ခိုးပြန်ခဲ့ပါတယ်။ ရွာပြန်တဲ့လမ်းမှာ ရဲတွေ‌ေတွ့သွားမလား ရောဂါပိုးများ ကူသက်သွားမလား အဆာငတ်ပြီး သေသွားမလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပြီး ပြည့်တန်ဆာ အလုပ်လုပ်ပြီး အမေဖြစ်သူကို ပိုက်ဆံပို့ပေးနေတဲ့ မက်ရူကကော Lockdown ကာလမှာ ဘယ်လို စီးပွားရှာမလဲဆိုတာကို တွေးတဆဆနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း