ဇာတ်ကားများ ရွေးရန်

Mili

2022ဇာတ်ကားအမှတ် 7/10Web-dl 1080p

ဘဝကိုရည်မှန်းချက်အပြည့်နဲ့ ဖြတ်သန်းနေတဲ့ မီလီဆိုတဲ့ကောင်မလေး။ ကနေဒါမှာအလုပ်သွားလုပ်ပြီး ပိုက်ဆံအများကြီးရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဂင်္လိပ်စာကို အသေကြိုးစားတယ်။ စာသင်နေရင်းတစ်ဖက်မှာလည်း အချိန်ပိုင်းအလုပ်လုပ်နေရှာတယ်။ အဖေတစ်ခုသမီးတစ်ခုဘဝမို့ အဖေဖြစ်သူကိုသိပ်ချစ်ရတယ်။ အဖေတစ်မျက်နှာကိုပဲကြည့်ပြီး နေလာခဲ့တဲ့သ‌ူလေး။ သမီးအဖနှစ်ယောက်ဆက်ဆံရေးကလည်း နွေးထွေးကြင်နာမှုအပြည့်။ ပြောစရာမလိုဘဲ အကြည့်လေးနဲ့တင် ‌သဘောပေါက်နိုင်တဲ့ဆက်ဆံရေးတစ်ခု။ မြင်သူအားကျစရာပါ။ဒါပေမဲ့ အဲဒီလိုသာယာနေတဲ့ ဆက်ဆံရေးထဲ သူစိမ်းတစ်ယောက်ဝင်ရောက်လာခဲ့တယ်။ အဲဒါကတော့ ဆမ်မီဆိုတဲ့မီလီရဲ့ချစ်ရသူပေါ့။ ဒါပေမဲ့ဘဝဆိုတာ ဘာဖြစ်လာမယ်ကြိုတင်မသိနိုင်လေတော့ သူတို့မိသားစုလေးအဆင်ပြေပါ့မလား။ ဘာတွေများကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ရှူလိုက်ပါဦး။ မေတ္တာဖွဲ့ဇာတ်ကားကောင်းလေးမို့ ကြည့်ရှူဖို့တိုက်တွန်းချင်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ Lilly ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း